2021
7
Mortal Kombat Fanတွေ စောင့်မျှော်နေတဲ့ Animationကားလေးထွက်ရှိလာပါပြီ၊ ဒီဇာတ်ကားက ယမန်နှစ်ကထွက်ထားတဲ့ Mortal Kombat Legends: Scorpion’s Revengeရဲ့ အဆက်ဇာတ်လမ်းဖြစ်ပါတယ်။ မရင်းနှီးသေးတဲ့သူတွေအတွက် Mortal Kombatပြိုင်ပွဲအကြောင်း အကျဥ်းချုပ်ပြောရရင် Realmsခြောက်ခုထဲက ကြီးနိုင်ငယ် ညှင်းသိမ်းပိုက်မှုတွေကို ကာကွယ်ဖို့ Universeရဲ့ Elder Godsတွေကနေ စီစဥ်ပေးတဲ့ပြိုင်ပွဲဖြစ်ပါတယ်၊ ပြိုင်ပွဲကို တစ်နှစ်တစ်ကြိမ်ကျင်းပပြီး ၁၀နှစ်ဆက်တိုက်အနိုင်ရရှိတဲ့ Realmက တခြားကမ္ဘာတစ်ခုကို အပြီးတိုင်သိမ်းပိုက်ခွင့်ရမှာပါ၊ Scorpion’ Revengeမှာတော့ ၉ကြိမ်အထိ Outworld realm က အနိုင်ရပြီးမှ လူခန်းတို့အုပ်စုကြောင့် Earth Realmဘက်က ပြန်အနိုင်ရပြီး ကံကောင်းခဲ့တာပါ၊ Scorpion’s Revengeအပြီးမှာ Outworld Realmကို အနိုင်ရခဲ့တဲ့ လူခန်း၊ ရေဒင်၊ ဂျွန်နီကေ့ဂျ်နဲ့ ဆွန်ညာဘလိတ်တို့က နောက်တစ်နှစ် ပြည့်သွားပြီဖြစ်တာကြောင့် Outworldစစ်တပ်တွေ Earthပေါ် ကျူးကျော်လာတာကို ထပ်မံရင်ဆိုင်ရပြန်ပါပြီ၊ ဒီတစ်ခါမှာတော့ Outworldရဲ့သခင်ရှောင်ခမ်းက Earth realmနဲ့ လူခန်းတို့အုပ်စုကို နောက်ဆုံးပြိုင်ပွဲ (Final Mortal Kombat) အဖြစ်ယှဥ်ပြိုင်ပြီး ဘယ်သူပိုင်ဆိုင်သင့်လဲဆိုတာကို ဆုံးဖြတ်ကြမယ်လို့ ကမ်းလှမ်းလာပါတယ်၊ ဒီကမ်းလှမ်းချက်ကို လူခန်းနဲ့ရေဒင်တို့ တတွေ လက်ခံလိုက်မလား၊ တစ်ဖက်မှာလည်း Nether Realmရဲ့သခင် Shinnokဆီမှာ အသက်ဝိဉာဉ်ပေးထားရတဲ့ Scorpionတစ်ယောက် Shinnokရဲ့ စေခိုင်းချက်တွေကို လိုက်ပေးဦးမှာလား၊ ငရဲသခင် Shinnokရဲ့ နောက်ကွယ်က တကယ့်အကြံအစည်က ဘာဖြစ်မလဲ၊ Earth Realmတစ်ခုတည်းအပြင် တခြား Realmတွေရော အန္တရာယ်ကင်းပါ့မလား စသဖြင့် မေးခွန်းပေါင်းများစွာနဲ့အတူ ကြည့်ရှုရမှာပါ Mortal Kombat ဇာတ်ကားတို့ရဲ့ထုံးစံအတိုင်း တိုက်ခိုက်ခန်း၊ သတ်ဖြတ်ခန်းတွေကို သွေးသံရဲရဲနဲ့ အပီအပြင်ပြထားသလို ဒီဇာတ်ကားမှာဆိုရင် Gameတွေထဲက Bone broken effectတွေပါ ပါလာလို့ ပိုပြီးသဘောကျမိပါတယ်၊ Animationဆိုပေမယ့် R-ratedဖြစ်ကြောင်း ပြောပါရစေ၊ Mortal Kombat Hardcoreတွေအတွက်တော့ ဒီ Animationကကြည့်ရတာတန်တဲ့ ဇာတ်ကားဖြစ်မှာ အသေအချာပါပဲ။
2003
6.6
ဒီဇာတ်ကားလေးကိုကြည့်ရင်း ကျွန်တော်သတိရမိတာက Superbad တို့ American Pie တို့လို ကျောင်းသား comedy ကားတွေကိုပါပဲ။ တစ်ခုရှိတာက အဓိကဇာတ်ဆောင်တွေက ကျောင်းသားတွေ မဟုတ်ကြဘူး၊ ဒါပေမယ့် ကျောင်းသားဟာသကားပါပဲ။ ဇာတ်လမ်းက မစ်ချ်မာတင်လို့ခေါ်တဲ့ သတ်လတ်ပိုင်း လူတစ်ယောက် အိမ်ကိုစောစောစီးစီးပြန်လာတဲ့အခါ အရိုးရဲ့ အော်ပရာသီချင်းကိုလက်တွေဘဝမှာ ကြုံလိုက်ရပါတော့တယ်၊ ပိုတောင်ဆိုးသေးတယ်ဗျ သူ့မိန်းကလိင်စိတ်တော်တော်ပြင်းပြတော့ ယောကျ်ားခရီးသွားတိုင်း အဖွဲ့လိုက်ကြီးလုပ်နေကျ။ အဲဒီလိုနဲ့ စိတ်ဒဏ်ရာရသွားတဲ့ မစ်ချ်ကို သူ့သူငယ်ချင်းတွေကအရာအားလုံးကို မေ့နိုင်အောင်ကူညီဖို့ကြိုးစားကြတဲ့အခါ ဘယ်လိုပြဿနာတွေတက်ကြမလဲ၊ ဘယ်လိုတွေကူညီကြမှာလဲဆိုတာကို အလွဲအချော်လေးတွေနဲ့ တင်ဆက်ထားလို့ အတော်ကိုရယ်ရပါတယ်ခင်ဗျာ။ ဇာတ်ဆောင်တွေအနေနဲ့ကလဲ comedyချစ်သူပုရိတ်သတ်နဲ့မစိမ်းတဲ့ Charlie’s Angel, Death at a funeral, Idiocracy တို့မှမင်းသား Luke Wilson ပါမက Step Brothers, Anchor Man, Zoo Lander တို့မှမင်းသား Will Ferrell အပြင်ကို Wedding Crushers, The Watch, Zoo Lander တို့မှ Vince Vaughn တို့လို ဟာသကျော်ကြီးတွေ သုံးယောက်ပေါင်းဘယ်လိုလောင်းကျော်ထားမလဲဆိုတာကို ကြည့်ရမှာဖြစ်တဲ့အပြင် IMDB 7.0 တောင်ရထားတာဆိုတော့ မြည်းစမ်းကြည့်ကြပါလို့ပဲ တိုက်တွန်းလိုက်ပါတယ်ခင်ဗျာ
2014
ဒီဇာတ်ကားမှာ Big Bang အဖွဲ့က T.O.P မှအဓိက ဇာတ်ဆောင်အဖြစ် ကြမ်းကြမ်းတမ်းတမ်းပါဝင်သရုပ်ဆောင်ထားပါတယ်။ T.O.P ဟာ တောင်ကိုရီးယားရဲ့ ယနေ့ခေတ် အနုပညာရှင်တွေထဲမှာ ရှားပါးလှတဲ့ ယောင်္ကျားပီပီသသ ရုပ်ထွက်ရှိသူတစ်ယောက်ပါ။ သူ့ရဲ့ မျက်နှာပေးတွေက ဇာတ်ကြမ်း အက်ရှင်တွေနဲ့ လိုက်ဖက်ပြီး ဆွဲဆောင်မှုရှိပါတယ်။ ဒီဇာတ်ကားမှာလဲ T.O.P က ဇာတ်လမ်းကို စ လယ် ဆုံး ဆွဲခေါ်သွားနိုင်ပါတယ်။ မင်းသမီး Shin Se‑kyung မှ ဇာတ်ဆောင်မင်းသမီးအဖြစ် ပါဝင်ထားပြီး အခြားအနုပညာရှင်ပေါင်းများစွာ အားဖြည့်ထားပါတယ်။ (မင်းသမီးအနေနဲ့ ဇာတ်ဝင်ခန်းသဘောအရ ခပ်ဟော့ဟော့ သရုပ်ဆောင်ထားရတာတွေရှိတာကြောင့် မိသားစုနဲ့အတူကြည့်ဖို့တော့ ချင့်ချိန်ရမယ့်ဇာတ်ကားပါ။) 2006 မှာထွက်ခဲ့တဲ့ Tazza; The High Rollers ဟာ ဇာတ်လမ်းတွဲတစ်ခုနဲ့ sequelနှစ်ကားရိုက်ရတဲ့အထိပေါက်ခဲ့ပါတယ်။ Hidden Cardဟာ Tazzaဇာတ်ကားတွဲရဲ့ ဒုတိယကားနဲ့ လူသိအများဆုံးကားပါပဲ။ “High Rollersနဲ့ တိုက်ရိုက်ကိုဆက်ထားတယ်။ ဇာတ်လမ်းအရတော့ ကိုရီးယားဖဲလောကမှာ ဖဲဝိဇ္ဇာသုံးဆူရှိပါတယ်။ Pyung, Agwi နဲ့ Jjakgwi ပါ Pyung ကတော့ ပထမကားက ဇာတ်လိုက်Goniရဲ့ဆရာ၊ Agwi ကတော့ Goni ကြောင့် လက်တစ်ဖက်အဖြတ်ခံလိုက်ရတဲ့ အကောက်ကျစ်ဆုံးဖဲဝိဇ္ဇာပါပဲ Jjakgwi ကတော့ “one eye jack”ထဲက Lead actor ရဲ့အဖေပါ။ Hidden Card ဟာ Goni နောက်ပိုင်း သူ့တူရဲ့ဇာတ်လမ်းပါပဲ။ ဖဲလိမ်ရိုက်တဲ့အကွက်တွေ အကွက်ဆင်ပြီး ရှိသမျှသဲ့ယူတာတွေ လိမ်ရိုက်တာမိရင် လက်ဖြတ်တာတွေ အကြွေးမပေးနိုင်ရင် ကိုယ်အင်္ဂါတွေ ရောင်းပစ်တာတွေလို အကြမ်းပတမ်းတွေအပြင် နောက်ပြန်ရစ်ပြီး ပြန်ပြန်ကြည့်ရမယ့် Shin Se Kyungနဲ့Lee Ha Neeရဲ့ အလှအပတွေနဲ့ Hidden Card ဟာ ရှားရှားပါးပါး ကိုရီးယားဖဲကားတွေထဲက အကောင်းဆုံးတစ်ခုလိုပြောရင်မလွန်ပါဘူး။
2011
5.5
ဇာတ်လမ်းအကျဉ်း အရည်အချင်းရှိလှတဲ့ နယူးဂျာစီအထက်တန်းကျောင်းသူလေးတွေပါဝင်တဲ့ဘောလုံးအဖွဲ့က နိုင်ငံအဆင့်ပြိုင်ပွဲဝင်ဖို့ ပျော်ရွှင်စွာ လေကြောင်းခရီးထွက်လာကြပေမယ့် ကံမကောင်း အကြောင်းမလှစွာနဲ့ပဲ သူတို့စီးလာတဲ့လေယာဉ်က ကနေဒါနိုင်ငံကို ဖြတ်ကျော်စဉ်မှာ တောနက်ထဲကိုပျက်ကျသွားခဲ့ပါတယ်.. လေယာဉ်ပျက်ကျလို့ သေဆုံးသွားတဲ့သူတွေလည်း ရှိသလို အသက်ရှင်ကျန်တဲ့ သူတွေလည်းရှိတာမို့ ကယ်ဆယ်တဲ့သူတွေ မလာခင်အထိ ကျန်ရစ်တဲ့ ကျောင်းသူကျောင်းသားလေးတစ်စုဟာ တောကြီးမျက်မည်းထဲမှာ အသက်ရှင်နေထိုင်နိုင်ဖို့ ရုန်းကန်ရပါတော့တယ်.. ဒီလိုနဲ့ ၁၉လကြာ တောင့်ခံပြီးတဲ့အချိန်မှာပဲ ကယ်ဆယ်ရေးအသင်းရောက်လာခဲ့တာမို့ ကံကောင်းထောက်မစွာနဲ့ အသက်ရှင်ခွင့်ရသွားခဲ့ကြတာပေါ့.. အဲဒီလိုရှင်ကျန်ခဲ့တဲ့သူတို့တွေက ကယ်တင်ခံရပြီးနောက်မှာ အချင်းချင်းလည်း မဆက်သွယ်ကြ၊ ဘာတွေဖြစ်ခဲ့လဲဆိုတာကိုလည်း တိတိပပ လူထုကိုချမပြဘဲ သိုသိုဝှက်ဝှက်နဲ့ နေထိုင်ခဲ့ကြပါတယ်.. ဒီလိုနဲ့ ၂၅နှစ်အကြာ ၂၀၂၁ခုနှစ်ကိုရောက်တဲ့အချိန်မှာတော့ သူတို့ထဲက တချို့ဆီကို ၁၉လကြာ တောတွင်းအိပ်မက်ဆိုးကြီးကို အမှတ်ရစေမယ့် ပို့စ်ကတ်တစ်ခုရောက်လာခဲ့ပါတော့တယ်.. မနည်းမေ့ဖျောက်ထားရတဲ့ အိပ်မက်ဆိုးကြီးကို နိုးထစေခဲ့တာက ဘယ်သူလဲ.. သူတို့တွေထဲက တစ်ယောက်ပဲလား.. အဲဒီလူကရော ဘာရည်ရွယ်ချက်နဲ့များ သူတို့ကိုလှုံ့ဆော်ခဲ့တာလဲ.. သူတို့တွေကရော ဘယ်လိုများကြုံတွေ့ခဲ့ရလို့ အချင်းချင်းမဆက်သွယ်ဘဲ လူထုကိုလည်း အမှန်အတိုင်း ပေးမသိခဲ့တာလဲ.. တောကြီးမျက်မည်းထဲမှာ သူတို့တွေ အသက်ရှင်ကျန်နေနိုင်ခဲ့တဲ့ လျှို့ဝှက်ချက်ကရော ဘာများလဲ.. ဆိုတာကိုတော့ သည်းထိပ်ရင်ဖို အတိတ်နဲ့ပစ္စပ္ပုန်ကို အခါခါကူးရင်း စီးမျောခံစားကြည့်လိုက်ကြပါလို့.. (သွေးထွက်သံယိုနဲ့ သည်းထိပ်ရင်ဖိုအခန်းတွေပါတာမို့ အသည်းငယ်တတ်သူများ မကြည့်သင့်ပါ..) (Season 03 – ဇာတ်လမ်းအကျဉ်း) 2021 ခုနှစ်က စတင်ထွက်ရှိခဲ့တဲ့ Yellowjackets ဆိုတဲ့ Thriller series က season-3ထွက်ရှိလို့လာပါပြီ။ ဒီ season မှာလည်း ရှေ့က season တွေလိုပဲ 1990ခုနှစ်တွေနဲ့ လက်ရှိကာလကို တစ်ခြမ်းစီကြည့်ရဦးမှာပါ။ Season-3မှာတော့ တောအုပ်ကြီးမှာ နှင်းတွေပျောက်ပြီးနွေဦးကိုတစ်ဖန်ပြန်လည်ရောက်ရှိလာပါပြီ။ Yellowjackets အဖွဲ့သားတွေလည်း တောအုပ်ထဲမှာနေရတာကိုပိုမိုအသားကျလာဟန်တွေ့ရပါတယ်။ season-2မှာ ပါခဲ့သလိုပဲ နက်တလီကပဲ သူတို့သူငယ်ချင်းအုပ်စုကိုခေါင်းဆောင်အဖြစ်ဦးဆောင်နေပါတယ်။ ဒါပေမဲ့ နည်းပြဘန်ကတော့ Season-2ရဲ့နောက်ဆုံးအပိုင်းကတည်းကပျောက်ဆုံးသွားတာဖြစ်ပြီး သူတို့ကတော့သေဆုံးနေလောက်ပြီလို့မှတ်ယူလိုက်ကြပါတယ်။ ရှေ့ season နှစ်ခုမှာ အဖြေမဖော်ရသေးတာတွေ မပြီးပြတ်သေးတာတွေကို season -3မှာ ရှင်းရှင်းလင်းလင်းသိရမလားဆိုတာကိုစောင့်ကြည့်ရမှာပါ။
2016
6.4
မူလအစမှာ Human တွေနဲ့ Orc တွေဟာအချင်းချင်းမသိကြ မဆုံဖူးကြသေးပါဘူး။ ဒါပေမယ့် Orc တွေရဲ့ ကမ္ဘာကြီး ပျက်စီးသွားတော့မယ့်အချိန်မှာ Orc မှော်ဆရာ Gul’dan ဟာ ဆိုးညစ်တဲ့အစိမ်းရောင်မှော်ပညာ(Fel) ကို သုံးပြီး မှော်မုခ်ဝ(Portal) ကို ဖွင့်လှစ်ပြီးAzeroth ကမ္ဘာ ကို Orc တွေ အားလုံးစုစည်းပြီး မျိုးနွယ်စု(The Horde) ကြီးတစ်ခုလုံးကို ခေါ်လာဖို့ကြိုးပမ်းပါတော့တယ်။ အဲဒီ Azeroth ကမ္ဘာမှာတော့ Human တွေလူပု(Dwarf) တွေ နတ်သူငယ်(Elf) တွေဟာ တစ်ယောက်ကိုတစ်ယောက်ယုံကြည်မှုမရှိသေး ကြည့်မရကြပေမယ့် ငြိမ်းချမ်းစွာနေထိုင်နေခဲ့တာကြာခဲ့ပါပြီ။ ဒါပေမယ့် အခု ကမ္ဘာနှစ်ခုက မျိုးနွယ်တွေ တွေ့ဆုံလာပြီး ကိုယ့်ကိုကိုယ် ရှင်သန်နိုင်ဖို့ တိုက်ခိုက်ကြရတော့မယ်အခြေအနေကိုရောက်လာတဲ့အခါ…… Human ဘုရင်ကြီး Llane နဲ့ သူရဲကောင်း Lothar တို့ပူးပေါင်းပြီး မှော်ဆရာ(archmage) Khadgar ရဲ့အကူအညီနဲ့ဘယ်လိုရင်ဆိုင်ကြမလဲ…. Orc တွေထဲက တကယ့် အမှန်တရားကို မြင်နိုင်တဲ့ နှင်းဝံပုလွေမျိုးနွယ်ခေါင်းဆောင်(Frostwolf) ဂျူရိုတန် နဲ့ သွေးနှောနေတဲ့ Orc မိန်းကလေး Garona တို့ကရောဘယ်လိုဆက်လှုပ်ရှားကြမလဲဆိုတာ ဒီ Warcraft The Beginning ထဲမှာကြည့်ရှုရင်း နောက်ထွက်မဲ့အပိုင်းတွေကို အတူတူစောင့်ကြတာပေ့ါဗျာ။
2018
၂၀၁၉ခုနှစ်ထဲရောက်လာပေမဲ့ ယခုရက်ပိုင်းမှအသစ်ထွက်ရှိလာတဲ့ မင်းသားကြီး Donnie Yen ရဲ့ Sci-Fi/Comedy/Drama ဇာတ်ကားသစ်လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်ကားနာမည်အတိုင်းပဲ အချိန်ခရီးသွားခြင်းဖြစ်ပြီး ဟာသအနည်းငယ်နှောကာ ရှေးခေတ်နဲ့ယနေ့ခေတ်ကြားကူးလူးရိုက်ကူးထားပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ မင်မင်းဆက်မှာစစ်သူကြီးတစ်ဦးဖြစ်တဲ့ ဟော်ယင်းတစ်ယောက်…. နန်းတွင်းအရှုပ်တော်ပုံတွေကြားမှာ မြေစာခံဖြစ်ခဲ့ရပြီး ကံကြမ္မာရဲ့စေရာအတိုင်း အနာဂတ်ခေတ်သစ်ကိုရောက်ရှိလာပါတော့တယ်။ Donnie Yen တစ်ယောက်အတိတ်ကိုဘယ်လိုသွားမလဲ သူထင်ထားလိုပဲအရာရာဟာဖြစ်မြောက်နိုင်ပ့ါမလားဆိုတာစိတ်ဝင်စားစရာပါ။ တကယ်တော့သဘာဝကိုသွေဖီတယ်ဆိုတာ မလွယ်ကူမှန်းသိသွားတဲ့နောက် စစ်သူကြီးဟော်ယင်းတစ်ယောက်ဘာလုပ်မလဲ။ ပေါ့ပေါ့ပါးပါးဇာတ်ကားလေးဖြစ်ပြီးအားလပ်ရက်လည်းရှိနေတော့ ကိုယ်ကြိုက်တဲ့မင်းသားနဲ့အတူ အပန်းဖြေကြည့်လို့ရတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။
2017
5.9
2018 ခုနှစ်ထွက် မင်းသားကြီးဂျက်ကီချန်းရဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ် ဇာတ်ကားလေးက တော့ သိပ္ပံ အက်ရှင်ဒရမ်မာကားလေးပါ ဇာတ်ကားထဲမှာတော့ ဂျက်ကီချန်းက တာဝန်ကျေလွန်းတဲ့ ရဲ ဝန်ထမ်းအဖြစ်သရုပ်ဆောင်ထားပြီးတော့ သူဟာ သူ့ရဲ့ တာဝန်ကို အပျက်ကွက်လုံး၀ မခံဘဲ သူ့သမီးလေး ဆေးရုံမှာ အရေးပေါ်ဖြစ်နေတာတောင်ကျရာတာဝန်ကို မပျက်မကွက်ထမ်းဆောင်ခဲ့ပါတယ် ဇာတ်လမ်း အကျဉ်းလေးကတော့ ရဲ အရာရှိ လင်း ဟာ သူ့သမီးလေး အရေးပေါ်ဖြစ်နေလို့ဆေးရုံကိုသွားနေတဲ့ အချိန်မှာ သူ့ အထက်အရာရှိက သူ့ကို ဖုန်းဆက်ပြီး တာဝန်ပေးလိုက်လို့အရေးကြီး သက်သေကို ကာကွယ်ဖို့အတွက် သွားလိုက်ပါတယ် ဒါပေမဲ့ သက်သေရော သူပါလုပ်ကြံခံခဲ့ရပြီး အဲ့ဒီသိပ္ပံပညာရှင် စမ်းသပ်ခဲ့တဲ့ နျူကလီးယားရောင်ခြည်သင့် လူသားကလာရောက်လုပ်ကြံခဲ့တာဖြစ်ပြီး တော့ ဂျက်ကီချန်းတယောက် သတိလစ်သွားပါတော့တယ် အဲ့ဒီနောက်မှာတော့ ဘာတွေဘယ်လိုဆက်ဖြစ်ကြမလဲဆိုတာတော့ပရိတ်သတ်ကြီးကပဲ ဆက်လက်ကြည့်လိုက်ကြပါတော့ဗျာ
2023
5
ချင်းခေတ်နှောင်းပိုင်းတောတောင်တွေကြားထဲကရွာလေးတစ်ရွာမှာ ရွာသားတွေက မြေခွေး ၊ဖျံနီညို၊ ဖြူ၊ မြွေ၊ ကြွက်ဆိုတဲ့သတ္တဝါ (၅)မျိုးကိုနတ်အဖြစ်နဲ့ယုံကြည်ကိုးကွယ်ကြတယ်။ တစ်နေ့မှာတော့ရွာရဲ့လူချမ်းသာဖြစ်တဲ့စွန်းမျိုးနွယ်ဟာ ကြွက်တွေကိုအမျိုးတုန်းလိုက်ရှင်းတဲ့အတွက် ကြွက်နတ်ကိုပြစ်မှားမိလို့ ဒုက္ခရောက်သွားခဲ့တယ်ဆိုတဲ့ထူးဆန်းဖြစ်ရပ်ဖြစ်လာခဲ့တယ်။ ဂျင်ဆင်းနဲ့ပူဇော်ရမယ့်လို့ဆိုကြတဲ့အတွက် စွန်းမျိုးနွယ်ရဲ့ညီဟာ တောင်ပေါ်တက်ပြီး ဂျင်ဆင်းရှာတဲ့ခရီးတင်ပါတော့တယ်…… ထူးဆန်းတဲ့ဖြစ်ရပ်တွေ တစ်မျိုးပြီးတစ်မျိုးဖြစ်လာခဲ့တယ် တကယ်ပဲ တောင်တွင်းနတ်(၅)ပါးပေးတဲ့အပြစ်တွေလား…… အမှန်တရားဟာဘယ်လိုဖြစ်နေမလဲ……
7.2
အာဖဂန်နစ္စတန်စစ်ပွဲကိုဇာတ်အိမ်တည်ရိုက်ကူးထားတဲ့ war & action movie အမျိုးအစားဖြစ်ပြီး ဇာတ်လမ်းအစမှာတော့ စစ်ဖြစ်နေတဲ့အချိန် နိုင်ငံတွင်းမှာပိတ်မိနေတဲ့အမေရိကန်နိုင်ငံသားတွေကို ကယ်တင်ဖို့စစ်ဆင်ရေးတစ်ခုပေါ်ပေါက်လာခဲ့ပါတယ် အဲဒီထဲမှာ Warhorse တပ်ဖွဲ့ကရဟတ်ယာဉ်ပျက်ကျရာကနေတပ်ဖွဲ့မှူးတစ်ယောက်ပဲအသက်ရှင်ကျန်တော့တဲ့အခြေအနေကိုရောက်သွားခဲ့ပြီး သူ့တစ်ယောက်ထဲရန်သူ့နယ်မြေမှာသွားလာရင်း တာဝန်ပေးထားတဲ့အမေရိကန်နိုင်ငံသားတွေကိုကယ်ထုတ်လာနိုင်ပါ့မလား၊ ရန်သူပတ်လည်ဝိုင်းနေတဲ့နေရာကနေသူတို့ဘယ်လိုလွတ်မြောက်အောင်တိုက်ထွက်ကြမလဲဆိုတာကိုစောင့်ကြည့်ရမှာပါ အာဖဂန်နစ္စတန်အကြောင်းရိုက်ထားတဲ့စစ်ကားတွေထဲမှာ ဒီနှစ်မှထွက်ထားတဲ့နောက်ဆုံးပေါ်ဇာတ်ကားတစ်ကားဖြစ်လို့မလွတ်တမ်းကြည့်ကိုကြည့်သင့်တဲ့ဇာတ်ကားဆိုလည်းမမှားပါဘူး။
7.4
ဒီတစ်ခါ ရန်သူကတော့ လူပုဂ္ဂိလ်အဖွဲ့အစည်းမဟုတ်တော့ပါဘူး။ လူတွေနဲ့ချရတာ ဦးခရုအတွက် အရမ်းလွယ်နေပါပြီ။ တစ်ကမ္ဘာလုံးက စနစ်တွေ နက်ဝက်တွေကို ဖောက်ဝင်ပြီး ထိန်းချုပ်နိုင်စွမ်းရှိတဲ့ စက်ဦးနှောက် AI တစ်ခုဟာ ကိုယ်ပိုင်စဉ်းစားဉာဏ်နဲ့ လူတွေကို ပြန်ပြီး တိုက်ခိုက်လာတာဖြစ်ပါတယ်။ အဲဒီ AI ကို Entity (သတ္တဝါ/အရာဝတ္ထု သက်ရှိ) လို့ နာမည်ပေးထားလိုက်ကြပါတယ်။ ဒီ အန်တတီကိုနိုင်မယ့် နည်းပညာမရှိတော့ပေမဲ့ ထိန်းချုပ်နိုင်တဲ့ သို့မဟုတ် သတ်ပစ်နိုင်တဲ့ လျှို့ဝှက်ချက်ဟာ သော့တစ်ချောင်းအပေါ်မှာ မူတည်နေပါတယ်။ အဲဒီသော့ဟာလည်း အပိုင်းနှစ်ပိုင်းရှိပြီး တစ်ကမ္ဘာလုံးက အစိုးရတွေက ကိုယ်ပိုင်အသုံးချနိုင်ဖို့ အပြိုင်အဆိုင်လိုက်နေကြပါတယ်။ အဲဒီသော့ကို ရဖို့အတွက် IMF ကို တာဝန်ပေးခံရတဲ့အခါ အီသန်ဟန့်နဲ့အဖွဲ့လည်း နောက်ထပ် မဖြစ်နိုင်စရာစစ်ဆင်ရေးတစ်ခုကို ဆင်နွှဲရပါတော့တယ်။
5.6
သိုင်းကားကောင်းကောင်းကြိုက်တဲ့သူတွေ အတွက်တော့လုံး၀ အကြိုက်တွေ့မယ့် ဇာတ်ကားမျိုးပါပဲ..တကယ့်ဆရာကြီးတွေဖြစ်တဲ့ ဟွမ်ဖေးဟုန် , ဝင်ချွန်းသိုင်းဆရာကြီး ယိမန် ( Ip Man ) , ဘရုစလီ ပြီးတော့ ဟော့ရင်းဂျာ တို့ ၄ယောက် ပေါင်းထားတဲ့ ဇာတ်ကားလေး ပါ ဇာတ်လမ်းအကျဉ်းလေးကိုပြောရမယ်ဆိုရင် ဖေ့ရင်းရှုံဆိုတဲ့ လူငယ်လေးတစ်ယောက်က ဆရာကြီးလေးယောက်အကြောင်း သိုင်း Comic ဆွဲထားတာပေါ့..သူတစ်ဖက်သတ်ကြိုက်နေတဲ့ ပေါင်အယ် ဆိုတဲ့ကောင်မလေးရဲ့အထင်ကြီးမှုကို လိုချင်တာရော..ပြီးတော့ Propose ပါလုပ်မယ်ဆိုပြီး စိတ်ကူးထားခဲ့သူတစ်ယောက်ပါ..ဒါပေမယ့် သူ့ရဲ့အတွေးတွေဟာ..လွဲမှားခဲ့ရပါတယ် သူ့မွေးနေ့မှာပဲ လူတွေအားလုံးရဲ့အမြင်လွဲခံရ သူခိုးအထင်ခံရနဲ့သူစိတ်နာသွားခဲ့တယ်… ရေကန်လေးဘေးမှာ ပေါက်ကရတွေအော်ဟစ်ရင်း သိုင်းဆရာကြီးတွေကိုအကူအညီတောင်းနေတာပေါ့ ရုတ်တရုက်ဆိုပဲ မမျှော်လင့်တဲ့ ဖြစ်ရပ်လေးဖြစ်လာပြီးတော့ တကယ့်သိုင်းဆရာကြီးလေးယောက်ဟာလဲ သူတို့ခေတ်ကနေ ဘုမသိဘမသိနဲ့ 2018 ကို အချိန်ခရီးသွားသလိုဖြစ်ပြီး ရောက်လာတဲ့အခါမှာတော့…………
2012
6.2
Decensored Version ထွက်လာလို့ Update လိုက်ပါတယ်။ JAV Model တွေအများကြီးရှိပေမယ့် တကယ်ဆွဲဆောင်မှုရှိတဲ့သူတွေက လက်ချိုးရေလို့ရပါတယ်… ဒီထဲမှာ Shoko Takahashi ကတော့ မပါမဖြစ်ပါပဲ… မင်းသမီးတွေထဲ သူ့လို အရပ်ရှည်တဲ့သူရှားတာကလဲ သူ့ကို မြင့်မြင့်မားမား ပြည့်ပြည့်တင်းတင်းလေးအဖြစ် ပိုလို့မှတ်မိနေစေပါတယ်။ ဒါပေမယ့် သူ့ရဲ့အဓိက ဆွဲဆောင်မှုက ပြည့်ဝန်းလှပတဲ့ခန္ဓာကိုယ်ထက် ပိုမိုထူးခြားတဲ့ မျက်ဝန်းအကြည့်တွေလို့ ထင်တာပါပဲ… ဘယ်အချိန်ဖြစ်ဖြစ် မှိုင်းညှို့အထီးကျန်နေသလို မမှိတ်မသုန်ကြည့်တတ်တာလေးက တစ်ဖက်သူကို ဂရုဏာစမ်းချောင်းလေးတွေ ရင်ထဲ ဖြတ်စီးစေပါတယ်… MIDE-670 ဒီဇာတ်လမ်းမှာတော့ သူမရဲ့ဂရုဏာတွေ ဘယ်လိုစီးဆင်းစေလဲ ၃ နာရီကျော်ကြာ ခံစားသိရှိရမှာပါ။