105 MIN
English
720p
ဇာတ်လမ်းအကျဉ်း အရည်အချင်းရှိလှတဲ့ နယူးဂျာစီအထက်တန်းကျောင်းသူလေးတွေပါဝင်တဲ့ဘောလုံးအဖွဲ့က နိုင်ငံအဆင့်ပြိုင်ပွဲဝင်ဖို့ ပျော်ရွှင်စွာ လေကြောင်းခရီးထွက်လာကြပေမယ့် ကံမကောင်း အကြောင်းမလှစွာနဲ့ပဲ သူတို့စီးလာတဲ့လေယာဉ်က ကနေဒါနိုင်ငံကို ဖြတ်ကျော်စဉ်မှာ တောနက်ထဲကိုပျက်ကျသွားခဲ့ပါတယ်.. လေယာဉ်ပျက်ကျလို့ သေဆုံးသွားတဲ့သူတွေလည်း ရှိသလို အသက်ရှင်ကျန်တဲ့ သူတွေလည်းရှိတာမို့ ကယ်ဆယ်တဲ့သူတွေ မလာခင်အထိ ကျန်ရစ်တဲ့ ကျောင်းသူကျောင်းသားလေးတစ်စုဟာ တောကြီးမျက်မည်းထဲမှာ အသက်ရှင်နေထိုင်နိုင်ဖို့ ရုန်းကန်ရပါတော့တယ်.. ဒီလိုနဲ့ ၁၉လကြာ တောင့်ခံပြီးတဲ့အချိန်မှာပဲ ကယ်ဆယ်ရေးအသင်းရောက်လာခဲ့တာမို့ ကံကောင်းထောက်မစွာနဲ့ အသက်ရှင်ခွင့်ရသွားခဲ့ကြတာပေါ့.. အဲဒီလိုရှင်ကျန်ခဲ့တဲ့သူတို့တွေက ကယ်တင်ခံရပြီးနောက်မှာ အချင်းချင်းလည်း မဆက်သွယ်ကြ၊ ဘာတွေဖြစ်ခဲ့လဲဆိုတာကိုလည်း တိတိပပ လူထုကိုချမပြဘဲ သိုသိုဝှက်ဝှက်နဲ့ နေထိုင်ခဲ့ကြပါတယ်.. ဒီလိုနဲ့ ၂၅နှစ်အကြာ ၂၀၂၁ခုနှစ်ကိုရောက်တဲ့အချိန်မှာတော့ သူတို့ထဲက တချို့ဆီကို ၁၉လကြာ တောတွင်းအိပ်မက်ဆိုးကြီးကို အမှတ်ရစေမယ့် ပို့စ်ကတ်တစ်ခုရောက်လာခဲ့ပါတော့တယ်.. မနည်းမေ့ဖျောက်ထားရတဲ့ အိပ်မက်ဆိုးကြီးကို နိုးထစေခဲ့တာက ဘယ်သူလဲ.. သူတို့တွေထဲက တစ်ယောက်ပဲလား.. အဲဒီလူကရော ဘာရည်ရွယ်ချက်နဲ့များ သူတို့ကိုလှုံ့ဆော်ခဲ့တာလဲ.. သူတို့တွေကရော ဘယ်လိုများကြုံတွေ့ခဲ့ရလို့ အချင်းချင်းမဆက်သွယ်ဘဲ လူထုကိုလည်း အမှန်အတိုင်း ပေးမသိခဲ့တာလဲ.. တောကြီးမျက်မည်းထဲမှာ သူတို့တွေ အသက်ရှင်ကျန်နေနိုင်ခဲ့တဲ့ လျှို့ဝှက်ချက်ကရော ဘာများလဲ.. ဆိုတာကိုတော့ သည်းထိပ်ရင်ဖို အတိတ်နဲ့ပစ္စပ္ပုန်ကို အခါခါကူးရင်း စီးမျောခံစားကြည့်လိုက်ကြပါလို့.. (သွေးထွက်သံယိုနဲ့ သည်းထိပ်ရင်ဖိုအခန်းတွေပါတာမို့ အသည်းငယ်တတ်သူများ မကြည့်သင့်ပါ..) (Season 03 – ဇာတ်လမ်းအကျဉ်း) 2021 ခုနှစ်က စတင်ထွက်ရှိခဲ့တဲ့ Yellowjackets ဆိုတဲ့ Thriller series က season-3ထွက်ရှိလို့လာပါပြီ။ ဒီ season မှာလည်း ရှေ့က season တွေလိုပဲ 1990ခုနှစ်တွေနဲ့ လက်ရှိကာလကို တစ်ခြမ်းစီကြည့်ရဦးမှာပါ။ Season-3မှာတော့ တောအုပ်ကြီးမှာ နှင်းတွေပျောက်ပြီးနွေဦးကိုတစ်ဖန်ပြန်လည်ရောက်ရှိလာပါပြီ။ Yellowjackets အဖွဲ့သားတွေလည်း တောအုပ်ထဲမှာနေရတာကိုပိုမိုအသားကျလာဟန်တွေ့ရပါတယ်။ season-2မှာ ပါခဲ့သလိုပဲ နက်တလီကပဲ သူတို့သူငယ်ချင်းအုပ်စုကိုခေါင်းဆောင်အဖြစ်ဦးဆောင်နေပါတယ်။ ဒါပေမဲ့ နည်းပြဘန်ကတော့ Season-2ရဲ့နောက်ဆုံးအပိုင်းကတည်းကပျောက်ဆုံးသွားတာဖြစ်ပြီး သူတို့ကတော့သေဆုံးနေလောက်ပြီလို့မှတ်ယူလိုက်ကြပါတယ်။ ရှေ့ season နှစ်ခုမှာ အဖြေမဖော်ရသေးတာတွေ မပြီးပြတ်သေးတာတွေကို season -3မှာ ရှင်းရှင်းလင်းလင်းသိရမလားဆိုတာကိုစောင့်ကြည့်ရမှာပါ။
Click here for link