Z
ZDXMovies
Movies Actors
Trending Now
Alive
Score 6.9

Alive (1993)

adventure drama history
Duration

99 MIN

Country

Korea

Quality

720p

Overview

ဟင်္သာကိုးသောင်းပျက်စီးရခြင်းက ဇာတ်တူသားစားလို့ဟုဆိုပါလျှင် သူတို့က တိရစ္ဆာန်သာဖြစ်လို့ပါဟု ပြောရမည်လား မသိနိုင်ပါ။ ပေါရိသ နန်းကျမင်းရဲ့ လူသားအပေါ်တပ်မက်မှုက လျှာဖျားတထောက် အရသာအပေါ် အခြေခံတယ်လို့ မှတ်သားဖူးတာပါပဲ။ လူသားဆိုတာ စားကောင်းတဲ့အသားလား၊ မစားကောင်းတဲ့အသားလား ဆိုတာကတော့ လူ့ယဉ်ကျေးမှုအဖွဲ့အစည်းမှာ ဖြေစရာမလိုတဲ့ မေးခွန်းတစ်ခုပါ။ ဒါပေမဲ့ အဲဒီမေးခွန်းကိုပဲ ငတ်မွတ်ဆာလောင်ပြီး စားစရာမရှိတဲ့သူတွေကို မေးကြည့်ရင်ဖြင့် တမျိုးတဖုံ ပြောင်းသွားနိုင်စရာအကြောင်းရှိတာပေါ့။ လူ့အသိုင်းအဝိုင်းအတွင်းမှာတော့ ငတ်မွတ်ခေါင်းပါးရုံနဲ့ လူသားကို စားစရာအဖြစ် မရွေးချယ်စကောင်းပေမဲ့ မိုင် (၁၀၀) ဝန်းကျင်ကျယ်ပြန့်တဲ့ ရေခဲတောင်တန်းပေါ်မှာတော့ လူသေအလောင်းဟာ ရွေးချယ်စရာတစ်ခု ဖြစ်လာတော့တာပါပဲ။ ဒီအဖြစ်ဟာ 1972 ခုနှစ်မှာ အမှန်တကယ်ဖြစ်ပျက်ခဲ့တာပါ။ တောင်အမေရိက ရက်ဘီဘောလုံးအသင်းဟာ အိမ်နီးချင်းနိုင်ငံ ချီလီမှာ ကစားပွဲတစ်ခု သွားရောက်ကစားဖို့အတွက် ဆွေမျိုး မိတ်ဆွေတွေ တင်ဆောင်လို့ အန်ဒီ‌စ်ရေခဲတောင်တန်းတွေပေါ်ကို ‌အင်ဂျင်နှစ်လုံးတပ် လေယာဉ်တစ်စင်းနဲ့ ဖြတ်ပျံခဲ့ပါတယ်။ အဲဒီလေယာဉ်က အမြီးပိုင်းတခြား ကိုယ်ထည်တခြား ပျက်ကျခဲ့တာဗျ။ ပျက်ကျရခြင်းအကြောင်းကို စိစစ်လေ့လာတော့ လေယာဉ်မှူးရဲ့အမှားလို့ ကောက်ချက်ချပါတယ်။ ရှင်သန်သူတွေအနေနဲ့ ပထမဆုံးရင်ဆိုင်ရတာကတော့ ထိခိုက်ဒဏ်ရာတွေကို ကုသဖို့နဲ့ ရေခဲမှတ်အောက်ကျနေတဲ့ အအေးဒဏ်ပါ။ မြင်မြင်သမျှက ကျောက်သားနဲ့ နှင်းပွင့်ရေခဲဖတ်တွေပဲ ရှိတဲ့နေရာမှာ စားစရာဆိုတာ လေယာဉ်ပေါ်ပါလာတဲ့ ချောကလက်၊ ဝိုင်ပုလင်းအချို့နဲ့ စီးကရက် ထောင်ဂဏန်းပဲရှိပါတယ်။ ဒီတော့ ရက်အနည်းငယ်ကြာလာလို့ ငတ်မွတ်လာကြတဲ့အခါ ခိုနားရာ လေယာဉ်ကိုယ်ထည်ဘေးက နှင်းပွင့်တွေထဲမြုပ်နေတဲ့ အလောင်းတွေကို ချင်ခင်ရသူတွေရဲ့ ရုပ်ကြွင်းရယ်လို့ သဘောမထားနိုင်တော့ဘဲ အဆီတထပ် အသားတဖပ် စားစရာကြီးတွေလို့ မြင်လာတော့တာပေါ့ဗျာ။ ပထမဆုံး လှီးဖြတ်ပြီး ပါးစပ်ထဲ ထိုးထည့်လိုက်တဲ့ အသားဖပ်က အခက်ခဲဆုံး၊ အပင်ပန်းဆုံး နဲ့ မျက်ရည်မဆည်နိုင်တ‌ဲ့ ခဏတာ အခိုက်အတန့်ပါ။ နောက်တော့လည်း နောက်တော့ ဖြစ်သွားတာပါပဲ။ ဒီဇာတ်လမ်းဟာ ဖြစ်ရပ်မှန်ကို အခြေခံပြီး ၁၉၉၃ ခုနှစ်မှာ ထုတ်လွှင့်ခဲ့ပါတယ်။ သရုပ်ဆောင်များအနေနဲ့လည်း The Magnificent Seven (remake), Predestination, Before Trilogy အပြင် Boyhood ထဲက မင်းသားကြီး Ethan Hawke ရယ်၊ The Walking Dead ဇာတ်လမ်းတွဲထဲက Joshua Cole Hamilton ရယ်ဆိုတော့ တော်တော်မိုက်ပါတယ်။ သူတို့တွေရဲ့ နုနယ်ပျိုမြစ်မှုကိုလည်း တွေ့ရတာပေါ့။ ဒီတော့ ရှာဖွေရေးတွေ လက်လျှော့သွားတဲ့ သူတို့အဖွဲ့လေး ဘယ်လိုပုံစံနဲ့ ရေခဲတောင်တန်းပေါ်က ဆင်းနိုင်မလဲ၊ ဘယ်သူတွေက သူရဲကောင်းလဲ၊ ဘယ်သူတွေက နောက်လိုက်လဲ၊ ဘယ်သူတွေက လွယ်လွယ်အလျှော့ပေးသွားပြီး ဘယ်သူတွေက နောက်ဆုံးအထိ အားတင်းလျှောက်လှမ်းခဲ့လဲဆိုတာ တွေ့မြင်ရမှာပါ။ ရေခဲတောင်ပေါ်မှာ ရက် (၇၀) ကျော်ကြာ လူသားစားပြီး အသက်ဆက်ခဲ့ရတဲ့ ဖြစ်ရပ်မှန် ဇာတ်ကားကောင်းလေးမလို့ ခံစားကြည့်ရှုကြပါစို့။

Join Main Channel

Click here for link