Z
ZDXMovies
Movies Actors
Trending Now
Dunkirk
Score 6.8

Dunkirk (2017)

action drama war
Duration

107 MIN

Country

English

Quality

1080p

Overview

Dunkirk (2017) IMDb Rating (7.9) / Rotten Tomatoes (92%) စစ်ပွဲတွေကိုရုပ်ရှင်ရိုက်ပြပြီး စစ်ကိုမုန်းတီးအောင်လုပ်ဖို့ဆိုတာသိပ်တော့လွယ်တဲ့အလုပ်မဟုတ်ပါဘူး။ Imitation Game ရုပ်ရှင်ဇာတ်ကားထဲက ဇာတ်ကောင် Alan Turing စကားကိုပြန်ပြောပါရစေ “You know why people like violence? Because it’s feel good’’လူတော်တော်များများက စစ်ပွဲနောက်ခံရုပ်ရှင်တွေဆို တိုက်ပွဲခပ်ကြီးကြီး လူသေအလောင်းတွေခပ်များများပါမှ သဘောကျတတ်တာများပါတယ်။တကယ်တော့စစ်ဆိုတာ ရုပ်ရှင်ကြည့်လို့ စာအုပ်ဖတ်လို့ စကားအဖြစ်ပြောလို့ပဲကောင်းတာရယ်။တကယ်တမ်းစစ်ဆိုတာဖြစ်လာရင်နိုင်တဲ့ဘက်ရော ရှုံးတဲ့ဘက်ရော ကြားနေတဲ့အဖွဲ့ရော အကုန်ထိခိုက်ရတာပဲမဟုတ်လား။ Christopher Nolan ကို ရုပ်ရှင်အကြောင်းသာမန်တီးမိခေါက်မိတဲ့ သူတွေတောင်သိပါလိမ့် မယ်။21 st century ရဲ့ အကောင်းဆုံး Director အဖြစ်စာရင်းပေါက်တဲ့ အပြင် သမိုင်းတစ်လျောက်အကျိုးအမြတ်အများဆုံး ရရှိဖူးတဲ့ Director တွေထဲကတစ်ယောက်ပါ။သူ့ကိုတော်တော်များများက နာမည်ကျော် Superhero Batman ရုပ်ရှင် The Dark Knight Trilogy နဲ့တွဲသိကြမယ်ထင်ပါတယ်။ ရိုက်ခဲ့သမျှရုပ်ရှင်အားလုံးနီးပါး IMDB rating 8/10 ကျော်တဲ့ထဲပါပါတယ်။သူရိုက်ခဲ့ရုပ်ရှင်တွေက Sci-fi,Thriller,superhero,etc… Genre တော်တော်စုံခဲ့ပြီပြောလို့ရပါတယ်။Dunkirk ကတော့သူ့ရဲ့ပထမဆုံး စစ်ပွဲနောက်ခံ ရုပ်ရှင်ပါ။ Dunkirk ဆိုတာ ပြင်သစ်မှာရှိတဲ့ကမ်းခြေတစ်ခုပါ။ဒုတိယကမ္ဘာစစ်အစပိုင်းမှာ ဟစ်တလာရဲ့ ဂျာမနီ တပ်တွေဟာပြင်သစ်နဲ အင်္ဂလိပ်တပ်တွေကို Dunkirk ကမ်းခြေမှာချောင်ပိတ်ထားနိုင်ခဲ့ပါတယ်။ ရေလက်ကြားခံပြီး ကယ်စရာသင်္ဘော မရှိတာကြောင့် မဟာမိတ်စစ်သား 400000 လောက်ဟာ ကူရာကယ်ရာမယ့်နေတဲ့အခြေအနေပါ။အဲ့လိုအခြေအနေကို ဗြိတိန်ဘက်ကမ်းက ရှိသမျှ အရပ်သား ငါးဖမ်းသင်္ဘောတွေ၊အသက်ကယ်လှေတွေ၊ ရွက်လှေတွေ ပါသုံးပြီ;စစ်သား လေးသိန်းနီးပါးကိုကယ်ထုတ်နိုင်ခဲ့ပါတယ်။တကယ်လို့သာ Dunkirk မှာဒီတပ်တွေ အကုန်ကုန်သွားရင် သမိုင်းဟာနောက်တစ်မျိုးပြောင်းလဲသွားစရာရှိပါတယ်၊မျှော်လင့်ချက်မဲ့နေတဲ့ အနေအထားကနေ မယုံနိုင်စရာကောင်းလောက်အောင်အောင်အောင်မြင်မြင် ဆုတ်ခွာနိုင်ခဲ့တာဟာ ဗြိတိန်တပ်တွေရဲ့စိတ်ဓာတ်ပိုင်းကိုအများကြီးသက်ရောက်ခဲ့ပါတယ်။ဗြိတိန်တပ်တွေကိုကယ်ထုတ်နေချိန်မှာ ပြင်သစ်တပ်တွေဟာ အင်္ဂလိပ်တွေ ကယ်ထုတ်ဖို့အချိန်ပိုရအောင်သူတို့အတွက် လွတ်ဖို့မျှော်လင့်ချက်မရှိတဲ့ တိုက်ပွဲကိုတိုက်ပေးခဲ့ပါတယ်။Dunkirk ရဲ့ကံကောင်းမှုတစ်ခုက ဟစ်တလာ ရဲ့ ရူးကြောင်ကြောင်ဆုံးဖြတ်ချက်ပါ ။ ပြင်သစ်ကိုသိမ်းပြီးသူ့ရဲ့ဥရောပ က နောက်ဆုံးရန်သူဗြိတိန်ရဲ့ တပ်မတော်တစ်ခုလုံးနီးပါးကို ကမ်းခြေတစ်ခုမှာ ချောင်ပိတ်ထားနိုင်တယ်၊ရန်သူစစ်သားတွေရဲ့စိတ်ဓာတ်က လုံးဝထိုးကျနေပြီ၊ဒီအချိန်မှာသူက ထိုးစစ်ဆင်နေတဲ့ ဂျာမနီ တပ်မတော်ကို အနားယူဖို့ အင်အားပြန်ဖြည့်ဖို့ အမိန့်ပေးခဲ့ပါတယ်။ဒါက ကျွန်တော်သိသလောက် Dunkirk ရဲ့တကယ့် သမိုင်းပါ။ Nolan ကတော့ သူ့ထုံးစံအတိုင်း ဇာတ်ကားကို တစ်သတ်မတ်တည်းမသွားပဲ Timeline ကစားထားပါတယ်။ပြောချင်တာ တစ်ခုက သူ့ ရုပ်ရှင်မှာ စစ်ရဲ့ အနိဋ္ဌာရုံတွေ ကို သွေးသံတရဲရဲ ကြောက်စရာကောင်းအောင်ပြမယ့်အစားစစ်သားငယ်ငယ်လေးတွေရဲ့ မျှော်လင့်ချက်မဲ့မျက်နှာတွေ ဆောင်းသူမဲ့ ဦးထုပ်တွေ ကမ်းခြေမှာပုံထားတာတွေစတဲ့ နမိတ်ပုံတွေပဲသုံးထားပါတယ်။ကျွန်တော့်အမြင်အရတော့ ဒါမျိူးတွေမြင်ရတာပိုပြီးစိတ်ထိခိုက်စရာကောင်းပါတယ်။ပုန်းစရာမရှိ ကွယ်စရာမရှိ ဟင်းလင်းပြင်ကြီးထဲမှာ လေယာဉ်တွေ ဗုံးလာကြဲတာမြင်ရတာ တော်တော်ကြီးစိတ်ဓာတ်ကျစရာ ပါ။ပိတ်ကားကိုကြည့်နေရတဲ့ကိုယ်တောင်စိတ်ဓာတ်ကျလာရင် တကယ်ရင်ဆိုင်ခဲ့ရတဲ့ စစ်သားတွေအတွက်တော့ ဘယ်တော့မှပြန်မရချင်တဲ့အတွေ့အကြုံပါပဲ။Nolan ကဒီ Feeling ကိုအတိအကျခံစားရအောင်ရိုက်ပြနိုင်ပါတယ်။ဇာတ်လမ်းပိုင်းကတော့ တကယ်ဖြစ်ခဲ့တဲ့ ဖြစ်ရပ်တစ်ခုကိုရိုက်ပြတာဖြစ်တာဆိုတော့ သိပ်ပြီးတော့ remarkable ဖြစ်လောက်တဲ့ဇာတ်ကားတော့မဟုတ်ပါဘူး။ဒါပေမယ့် ရိုက်တဲ့ သူက Christopher Nolan ဆိုတော့ကား ဇာတ်လမ်းရဲ့ Timeline ကို သေချာသိဖို့ နာရီဝက်လောက်ကြာလိုက်ပါတယ်။ ဒီဇာတ်ကားမှာအကြိုက်ဆုံးဇာတ်ကောင်ပြောရရင် Tom Hardy ပါ။မျက်လုံးပဲဖော်ခွင့်ရတဲ့ Pilot နေရာကနေသရုပ်ဆောင်သွားပြီး Emotion ကိုမြင်နေရတာ မယုံနိုင်စရာပါ။ နောက် Harry Style၊ MTV တွေမှာ သရုပ်ဆောင်မကောင်းသလောက်ဒီကားမှာတော့ ဝေဖန်ရေးတွေ ဝိုင်းချီးကျူးလောက်အောင် ကောင်းခဲ့ပါတယ်။ဒါကကျွန်တော်အကြိုက်ဆုံးနှစ်ယောက် ကိုပြောပြတာကျန်တဲ့သူတွေလဲတစ်ခန်းဆိုတစ်ခန်းလောက်ကို ပညာပြခဲ့ကြပါတယ်။သွေးထွက်သံယိုမပါတဲ့ စစ်ကား၊စစ်ကိုမုန်းသွားစေမယ့် စစ်ကား တစ်ကားပါ။ဝုန်းဒိုင်းကြဲ မှကြည့်တတ်ပြီး ပစ်ခန်းခတ်ခန်း မပါရင် မကြည့်တတ်တဲ့ သူတွေအတွက်တော့ ပျင်းစရာဖြစ်ပါလိမ့်မယ်။ When 400,000 men couldn’t get home, home came for them.စစ်သားအယောက် လေးသိန်းအိမ်မပြန်နိုင်တဲ့အခါ အိမ်ကသူတို့ဆီ ရောက်လာပါတယ် ဂေါ့ဒ်အော့ဖ် မိုးရှင်းပစ်ချား ခရစ်စတိုဖာနိုလန်ရဲ့ နောက်ထပ် မိုင်းဘလုန်းမဖြစ်တဲ့ မိုင်းဘလုန်းစစ်ကားတစ်တကားပါ..

Join Main Channel

Click here for link