Z
ZDXMovies
Movies Actors
Trending Now
Echelon Conspiracy
Score 6.2

Echelon Conspiracy (2009)

action thriller
Duration

105 MIN

Country

English

Quality

720p

Overview

၂၀၁၃ မှာ အက်ဒဝပ်စနိုးဒင်က အမေရိကန်​အမျိုးသား​လုံခြုံရေး​အေဂျင်စီ​ (NSA)​ရဲ့ လျှို့ဝှက်​ဖိုင်​တွေနဲ့ သူလျှို​အရှုပ်တော်ပုံတွေ လူ့အခွင့်အရေးနဲ့မညီတဲ့ ထောက်​လှမ်း​မှုတွေအကြောင်းကိုဖွင့်ချခဲ့ပြီး တစ်ကမ္ဘာလုံးကို အုတ်​အော်​သောင်း​တင်း​ဖြစ်စေခဲ့ပါတယ်။ ဒီဇာတ်ကားက စနိုး​ဒင်အဖြစ်အပျက်မတိုင်မီ ၂၀၀၉ မှာထွက်ရှိခဲ့တဲ့ Action /Thriller အမျိုး​အစားဖြစ်​ပြီး​ နောက်​လေးနှစ်အကြာမှာ စနိုး​ဒင်ဖွင့်ချခဲ့တဲ့ NSA ရဲ့​ထောက်လှမ်း​မှုတွေနဲ့ဆင်တူတဲ့အကြောင်းအရာတွေကို စိတ်ကူး​ယဥ်ဖော်ပြထားတာတွေ့ရပါတယ်။ ဇာတ်လမ်း​အကျဥ်း​ကတော့​ မက်စ်ပီတာဆန်က ကွန်​ပျူ​တာအင်ဂျင်နီယာတစ်ဦးဖြစ်ပြီး ဘန်ကောက်​မှာ အလုပ်​ကိစ္စ​နဲ့ ခေတ္တ​နေထိုင်​စဥ်မှာ အမည်မသိတစ်စုံတစ်ယောက်က ပေးပို့လိုက်တဲ့ဆဲလ်ဖုန်းတစ်လုံးရရှိခဲ့ပါတယ်။ မကြာခင်​ အဲဒီဖုန်းကို message ဝင်လာပြီး ညနေ ပီတာဆန် စီးမဲ့လေယာဥ်ကိုမစီးဖို့ပြောပါတယ်။ နောက်​နေ့မှာ အဲဒီလေယာဥ်ပျက်ကျသွားတာကို မက်စ်သိလိုက်ရတဲ့အချိန်မှာ နောက်​ထပ် message ဝင်လာပါတယ်။ စတော့ရှယ်​ယာဝယ်ဖို့တိုက်တွန်းတာဖြစ်ပြီး ဝယ်ခိုင်းတဲ့ရှယ်ယာတန်ဖိုးက မကြာ​ခင် 300% ကျော်​အထိ​ထိုးတက်သွားပါတယ်။ ထို့နောက်​မှာပြောသမျှအကုန်မှန်နေတဲ့ ဒီထူးဆန်းတဲ့ message တွေက သူ့ကို​ ချက်​နိုင်ငံ​ ပရဂ်မြို့ကိုသွားပြီး လောင်း​ကစားလုပ်ဖို့ညွှန်ကြားပါတော့တယ်။ ဒီလို​နဲ့ မက်စ်​တစ်ယောက်​ အမည်မသိသူတစ်ဥိီးရဲ့ ညွှန်ကြား​ချက်​အတိုင်းလိုက်နာပြီး ပရဂ်ကိုရောက်ရှိချိန်မှာတော့ သူတစ်ခါမှမကြုံဖူး မပတ်သက်ဖူးတဲ့ လူတွေနဲ့တွေ့ကြုံရပြီး ရှုပ်ထွေး​တဲ့ပြဿနာတစ်ခုရဲ့အလယ်ကို ရောက်​နေမှန်းသိလိုက်ရပါတော့တယ်။ Message တွေပို့နေတာ ဘယ်သူလဲ​ ဘာကြောင့်​အရာ​အားလုံး​ကို​သိနေတာလဲ ဘာအကြံနဲ့ပို့နေတာလဲဆိုတာကို မက်​စ်​တစ်ယောက်​အဖြေရှာ​ရတော့မှာ​ဖြစ်ပါတယ်။ ဇာတ်​လမ်းက အက်​ရှင် Thriller​ နဲ့ Sci-fi​ အမျိုးအစားလို့ပြောလို့ရပြီး ဇာတ်​အိမ်​သွက်သွက်နဲ့ ကြည့်ပျော်တဲ့ဇာတ်ကားဖြစ်ပါတယ်။ အက်ရှင်ဆိုပေမဲ့ ပစ်ခတ်​ခန်း သိပ်မပါဘဲ စုံထောက်​ဖက်ကိုအားပြုထားတယ်လို့ဆိုနိုင်ပါမယ်...

Join Main Channel

Click here for link