140 MIN
English
720p
Swiss Army Man လို ငစားကားတွေ ရိုက်ခဲ့တဲ့ Dan Kwa နဲ့ Daniel Scheinert တို့ ဒါရိုက်တာအတွဲရဲ့ နောက်ထပ် ပြောင်မြောက်တဲ့ ရုပ်ရှင်ကြီးလာပါပြီ။ ခေါင်းစားမလားဆိုတော့ စားလည်းစားပါတယ်၊ မစားလည်းမစားပါဘူး။ သိပ္ပံစိတ်ကူးယဉ် အပြိုင်စကြဝဠာတွေအကြောင်းကို ဟာသတွေ ကွန်ဖူးတွေနဲ့ အခြေခံထားတဲ့ မိသားစုဇာတ်လမ်းလေးပါ။ အက်ဒ်မင်တော့ အတော်ကြိုက်ပါတယ်။ ဒီရုပ်ရှင်ထဲမှာလည်း အနန္တစကြဝဠာပါပဲ။ အပြိုင်စကြဝဠာတွေ အများကြီးရှိပါတယ်။ Quantum superposition ဆိုတဲ့သဘောတရားလိုပဲ ဒြပ်မှုန်တွေဟာ ဖြစ်တည်မှုအခြေအနေမျိုးစုံမှာတပြိုင်တည်းရှိနေတဲ့သဘောပါ။ မာဗယ်ရဲ့ Multiverse တွေလိုပဲ လူတစ်ယောက်ရဲ့ ရွေးချယ်မှုကနေ အပြိုင်စကြဝဠာတွေ အဆုံးမရှိအောင်ခွဲထွက်သွားတာပဲ။ ဒီရုပ်ရှင်ထဲမှာတော့ လူတစ်ယောက်ရဲ့ ရွေးချယ်မှု သေးသေးလေးတွေကအစ အပြိုင်စကြဝဠာတစ်ခု ရှိသွားနိုင်ပါတယ်။ အဓိကမင်းသမီးကြီးဖြစ်တဲ့ မီရှဲယိုကတော့ စကြဝဠာတစ်ခုထဲက အက်ဗလင်း ဆိုတဲ့ နာမည်နဲ့ ပင်မင်းဆိုင်ပိုင်ရှင်လေးပေါ့။ အရမ်းရိုးအေးတဲ့ ယောကျာ်းတစ်ယောက်ရယ် မိန်းကလေးချင်း ချစ်ကြိုက်နေတဲ့ သမီးတစ်ယောက်ရယ်ရှိတယ်။ ဒါပေမဲ့ အခြားစကြဝဠာက မီရှဲယိုကတော့ ဆရာမကြီးပါ။ အပြိုင်စကြဝဠာတွေကို ဖျက်မယ့် မိစ္ဆာကြီးကို ရင်ဆိုင်ရင် သေသွားခဲ့တာပါ။ ဒီတော့ အဲဒီမိစ္ဆာကို ယှဉ်နိုင်လောက်မယ့် အက်ဗလင်းကို အက်ဗလင်းပေါင်းထောင်ပေါင်းများစွာထဲက လိုက်ရှာနေခဲ့ကြတာပါ။ ဒါပေမဲ့ ပင်မင်းဆိုင်ပိုင်ရှင် ရိုးရိုးအေးအေးကြီး အက်ဗလင်းကမှ ဘာလို့ Matrix ထဲကလို The One ဖြစ်လာပြီး အပြိုင်စကြဝဠာတွေကို ကယ်တင်မလဲဆိုတာ… ပွင့်ပွင့်လင်းလင်းပြောရရင်တော့ Doctor Strange Multiverse of Madness ထဲ ပိုကြိုက်ပါတယ်။ IMDb 8.7 ရထားပါပြီ။ မယုံရင်ကြည့်လိုက်ပါလို့ပဲ ပြောချင်ပါတယ်။
Click here for link
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor