97 MIN
English
720p
ရုပ်ရှင်ကားဟာဆိုရင် အဓိကသရုပ်ဆောင် Romania မင်းသမီးချောလေး Mãdãlina Ghenea နဲ့ English သရုပ်ဆောင် ဖြစ်တဲ့ gossip girl ထဲက ကောင်မလေးတွေ ကြွေကြတဲ့ Ed Westwick တို့ အဓိက ပါဝင်သရုပ်ဆောင်ထားကြတာဖြစ်ပါတယ် ဒီဇာတ်ကားရဲ့ အမြည်းလေးကို ပြောပြရမယ်ဆိုရင် မင်းသမီးက ငယ်ငယ်ကတည်းက ပင်လယ်မှာ သင်္ဘောမှောက်လို့ မိဘ ၂ ပါးလုံး ဆုံးရှုံးခဲ့ရသူပါ။ ဒါပေမဲ့လည်း အတိတ်ဆိုးကို ရင်ဆိုင်ပြီး အရွယ်ရောက်လာတဲ့ အခါ ကာရေဘီယံပင်လယ်မှာ အထူးချွန်ဆုံး သင်္ဘောမောင်းနှင်သူဖြစ်လာခဲ့ပါတယ်။ တစ်နေ့ ခရီးသည်ကို ကြိုဖို့ ပင်လယ်ကိုတစ်ယောက်တည်းဖြတ်သန်းနေတုန်းမှာ သင်္ဘောပျက်တစ်စီးက ဒုက္ခရောက်နေသူတွေကို ကူညီခဲ့ပါတယ်။ ကူညီလိုက်တဲ့ သူ့ကို အကယ်ခံလိုက်ရတဲ့သူတွေက ဘယ်လိုအခက်အခဲတွေ တွေ့စေမှာလဲ သူကော ဘယ်လိုရုန်းထွက်မှာလဲ အဲ့ဒီအချိန်မှာပဲ ကမ်းပေါ်မှာ ရှိနေတဲ့ မင်းသမီးရဲ့ချစ်သူကကော ဘယ်လိုကူညီဖို့ကြိုးစားမလဲ စတာတွေကို ရုပ်ရှင်တစ်ကားလုံး ရင်တထိတ်ထိတ်နဲ့ ကြည့်ရမှာဖြစ်လို့ အချိန်ကုန်ပြီး ရုပ်ရှင်ပြီးလို့ ပြီးသွားမှန်းတောင် သတိထားမိမှာ မဟုတ်ပါဘူး။ ပင်လယ်ကို သဘောကျရင် ရင်ခုန်ရတဲ့ရုပ်ရှင်မျိူးတွေကို သဘောကျရင် မကြည့်မဖြစ် ကြည့်သင့်တဲ့ ဇာတ်ကားလေးတစ်ခုဖြစ်ပါတယ်ခင်ဗျ။
Click here for link
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor