103 MIN
English
720p
နာမည်ကျော် သရဲကား ရုပ်ရှင်တွဲတွေဖြစ်တဲ့ Insidious ရုပ်ရှင်တွေထဲက နောက်ဆုံးထွက် ၅ ရုပ်ရှင်ဖြစ်ပါတယ်။ လိပ်ပြာလွှင့်ရာကနေ ပရလောက မကောင်းဆိုးဝါးတွေနဲ့ ကြုံရပုံကို အခြေခံထားတဲ့ ဇာတ်လမ်းတွေပါပဲ။ ၅ ကားရဲ့နာမည်တွေကတော့ Insidious 2011 Insidious: Chapter 2 2013 Insidious: Chapter 3 2015 Insidious: The Last Key 2018 Insidious: The Red Door 2023 တို့ပါပဲ။ ဒီငါးကားထဲမှာ ဘယ်သူ့မေးမေး ပထမဆုံး ရုပ်ရှင်က ကြောက်စရာအကောင်းဆုံးလို့ ပြောမှာပါပဲ။ ကျန်တဲ့ရုပ်ရှင်တွေလည်း မဆိုးလှပေမဲ့ ဂျိမ်းစ်ဝန် ရိုက်ခဲ့တဲ့ ပထမဆုံးရုပ်ရှင်ကိုတော့ မမီကြပါဘူး။ ဒီကားကတော့ အရင်ဒါရိုက်တာတွေမဟုတ်ဘဲ ဒီရုပ်ရှင်ရဲ့ ခေါင်းဆောင်မင်းသား Patrick Wilson ကိုယ်တိုင် ပထမဆုံး ဒါရိုက်တာလုပ်ပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ဂျော့ရှ် နဲ့ ဒေါ်တန် တို့ သားအဖဟာ ကိုမာဝင်ခဲ့တဲ့ကိစ္စရယ် သရဲပူးပြီး မိသားစုကိုပြန်ရန်ရှာတဲ့ကိစ္စတွေရယ်ကို မေ့ပျောက်ဖို့အိပ်မွေ့ချဆရာအကူအညီနဲ့ မှတ်ဉာဏ်တွေကို မသိစိတ်ထဲမှာ ဖုံးကွယ်ထားလိုက်ကြပါတယ်။ ဒီလိုနဲ့ ၉ နှစ်ကြာလာတဲ့အထိ အဲဒီတုန်းကအဖြစ်တွေကို ဝေဝေဝါးဝါးနဲ့သတိမရဘဲ နေထိုင်လာကြတာပါ။ ဒါပေမဲ့ သားအကြီး ဒေါ်တန် ကောလိပ်တက်ရတဲ့အချိန်ရောက်လာပြီး ကောလိပ်မှာ ထူးဆန်းတာတွေနဲ့ စကြုံလာတဲ့အခါ… ဂျော့ရှ် ကလည်း သူ့ရဲ့အတိတ်ကို ပြန်မှတ်မိဖို့ ကြိုးစားရင်းနဲ့ ကြောက်စရာတွေကြုံတွေ့လာတဲ့အခါ… သားအဖနှစ်ယောက်အတင်းမေ့ပစ်ထားတဲ့ အတိတ်ကို ပြန်ရင်ဆိုင်ရပါတော့တယ်။
This movie has not been posted to the Telegram channel yet.