Z
ZDXMovies
Movies Actors
Trending Now
Invitation to a Murder
Score 5.5

Invitation to a Murder (2023)

mystery thriller
Duration

94 MIN

Country

English

Quality

1080p

Overview

စုံထောက်ဝတ္ထုတွေကို ကြိုက်နှစ်သက်သူမှန်ရင် ရှားလော့ဟုမ်းဝ‌တ္ထုတွေကို မကြိုက်တဲ့လူမရှိသလောက်ပါဘဲ။ ငယ်စဉ်က ရှားလော့ဟုမ်းဝတ္ထုစနက်နဲ့ စုံထောက်ရူးရူးခဲ့ဖူးသူတွေထဲမှာ ကျွန်တော်ကိုယ်တိုင်အပါအဝင်ဖြစ်ခဲ့တာပေါ့။ အခုဒီကားလေးထဲက ဇာတ်လိုက်ကျော်လေး Miranda Greenသည်လည်း ကျွန်တော်တို့လိုပဲ Mysteryတွေကိုနှစ်သက်တဲ့ စုံထောက်ရူးလေးတစ်‌ယောက်ပါပဲ။ စုံထောက်ရူးပီပီ သူ့ရဲ့mottoကတော့ “Every contact leaves a trace”ပါတဲ့။ Mirandaက ကမ္ဘာကျော်စုံထောက်ဝတ္ထုရေးတဲ့စာရေးဆရာ Agatha Christie ရဲ့အမာခံပရိသတ်တစ်ယောက်ဖြစ်ပြီး စွန့်စားခန်းတွေကို နှစ်သက်သူဆိုလည်းဟုတ်ပါတယ်။ အမြင်စူးရှပြီး ထက်မြက်လွန်းတဲ့Miranda ကျိုးကြောင်းဆက်စပ်ဆင်ခြင်နိုင်စွမ်းမြင့်တဲ့Mirandaတစ်ယောက် သူ့ရဲ့ နုနုရွရွ ပန်းရောင်းရတဲ့အလုပ်နဲ့ နည်းနည်းလေးမှ မအပ်စပ်ဖြစ်‌လို့‌နေတာပေါ့။ လှပပေမဲ့ ရင်ခုန်စိတ်လှုပ်ရှားစရာတွေမရှိတဲ့အလုပ်ခွင်မှာ မပျော်ပိုက်တဲ့ Mirandaအတွက်တော့ Christie ရဲ့စာအုပ်တွေက သူအသက်ဆက်နိုင်မဲ့ အိုအေစစ်ပါပဲ။ ဒီလိုနဲ့ Mirandaဆီကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာတဲ့ ဖိတ်စာတစ်စောင်နဲ့အတူ ထူးဆန်းတဲ့သူဌေးကြီးတစ်ယောက်ဖြစ်တဲ့ Louis Findleyနဲ့ တွေ့ဆုံဖို့အတွက် ကျွန်းတစ်ကျွန်းကို ဖိတ်ခေါ်ခံရတဲ့အခါမှာတော့ သာမန်လူတစ်ယောက်ဆို အတွေးစုံနဲ့ဗျာများနေမှာပေမဲ့ စွန့်စားခန်းကိုငတ်မွတ်နေတဲ့ Mirandaကတော့ Christieရဲ့စာအုပ်‌တွေထဲကလိုစူးစမ်းရှာ‌ဖွေထောက်လှမ်းအခွင့်အရေးကို အရယူဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ ကျွန်းကိုသွားတဲ့လမ်းမှာ သိလိုက်ရတာကတော့ သူနဲ့အတူ သူနဲ့တစ်ခါမှမသိကျွမ်းဖူးတဲ့ လူ ၅ ယောက်ကိုပါ အတူတူဖိတ်ခေါ်ထားတယ်ဆိုတာကိုပါပဲ။ Louis Findleyဆိုတာနဲ့ အထည်အလိပ်လုပ်ငန်းပိုင်ရှင် ဘီလီယံနာဆိုတာကလွဲလို့ ဘာမှကိုမသိရလောက်အောင် ဓာတ်ပုံပါရှာမရလောက်အောင် သိုသိပ်လွန်းတဲ့ တစ်ကိုယ်တော်နေရတာကိုပဲကြိုက်တဲ့ သူဌေးကြီးရဲ့ဖိတ်စာက Mirandaတို့ ၆ ယောက်ဆီကို ဘာဖြစ်လို့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာရတာလဲ။ သူကိုယ်တိုင် ဖိတ်ခေါ်ခဲ့တာပေမဲ့ တကယ်ရောက်လာချိန်မှာ Findleyတစ်ယောက် ဘာလို့ထွက်မတွေ့ဘဲရှောင်နေပြီး ဝန်ထမ်းတွေနဲ့ လွှတ်ထားတာလဲ။ ကျွန်း‌ကိုရောက်လာတဲ့ အခြားလူ ၅ ယောက်မှာရော ဘာအကြံတွေရှိနေကြတာလဲ။ ပဟေဠိတွေနဲ့ပြည့်နှက်နေတဲ့ ဒီကျွန်းလေးရဲ့လျှို့ဝှက်ချက်ကို Mirandaတစ်ယောက် ဖော်ထုတ်နိုင်မှာလားဆိုတာ ကြည့်ရှုခံစားရင်း အဖြေရှာလိုက်ကြရအောင်ပါ။

Join Main Channel

Click here for link