Z
ZDXMovies
Movies Actors
Trending Now
King Of Comedy
Score 7.3

King Of Comedy (1999)

comedy drama romance
Duration

84 MIN

Country

China

Quality

480p

Overview

Plotအရ သရုပ်ဆောင် ပါရမီရှိသော်လည်း ဖြတ်လျှောက်အခန်းတောင် ပါဝင် ဖို့ခက်ခဲ လှတဲ့ အောက်ခြေက သရုပ်ဆောင်တွေအကြောင်းတစေ့တစောင်း ရိုက်ပြ သွားပုံလေးပါ။ ချောင် ဟာ သရုပ်ဆောင်ပိုင်းကို အရမ်းရူးသွပ်သူဖြစ်ပြီး ဘယ်အခန်းရရ ရုပ်မပါရင်နေပါစေ ရုပ်ရှင်ထဲ ကျောတပြားလောက်ပါချင်သူပါ။ ဒီလို ခက်ခဲ့တဲ့ နေရာကို တုံးတိုက်တိုက် ကျားကိုက်ကိုက် ဝင်သရုပ်ဆောင်ရင်း သူ့ရဲ့အလွဲ အမှားတွေနဲ့ အနှိမ်ခံ အောက်ခြေ ဖြတ်လျှောက်သမားလေးရဲ့ ဘ၀ကို ဖော်ကျူး ထုတ်ဖော်ထားပါတယ်။ ပါရမီရှိတဲ့သူဖြစ်တာကြောင့် မင်းသမီး Karen Mok(ကင်းကြယ်) နဲ့ တွေ့ ဆုံပြီး ချောင် ရဲ့အခြေအနေတွေ က ပြောင်းလဲ အဆင့်တက်ကာ ခေါင်းဆောင်မင်းသား အဖြစ်သရုပ်ဆောင်ဖို့ အခွင့်ရေး ရရှိခဲ့ပါတယ်။ဒါပေမယ့်လည်း…. တချိန်က အပျော်မယ် လောင်ဖြူဖြူဆိုတဲ့ မင်းသမီး လေးနဲ့ချောင်ရဲ့ ဇာတ်လမ်းလေးကလဲ ရှိသေးတော့ မင်းသမီး၂ လက် နဲ့ ချောင် ရဲ့ Drama ကလဲ စိတ်၀င်စားစရာပါ။ ကြည့်ဖူးပြီးသားကားတွေ လို ဟာသချည်း သက်သက် မဟုတ်ပဲ ရသ မျိုး စုံ နဲ့ ရိုက်ကူး ထားတာကြောင့် ခံစားချက် တခုပြီးတခု ရစေမှာ အသေချာပါ။ ဒါ့အပြင် မင်းသားကြီး ဂျက်ကီ ချန်း လဲ ဧည့်သည် သရုပ်ဆောင်အဖြစ် ဇာတ်ဝင်ခန်း တစ်ခန်းမျှ ပါဝင်ထားတာကို တွေ့ရပါတယ်ဗျ။ ××××× ဒီကားဟာ ကမ္ဘာမကျော်ခင် ချောင်ရဲ့ သရုပ်ဆောင်လောက ကို အောက်ခြေကနေ စတက်ခဲ့တဲ့ အကြောင်း ရိုက်ကူးထားတာ ဖြစ်ပြီးချောင်ရဲ့ဘ၀ တဒေသ ကိုပုံဖော်ထားတဲ့ဇာတ်ကားလေးဖြစ်လို့ စိတ်မကောင်းဖြစ်မိတဲ့အထိ ခံစားရတဲ့ဇာတ်၀င်ခန်းတွေလဲပါ၀င်တာကိုတွေ့မြင်နိုင်ပါတယ်။ ယခု ဇာတ်ကားရဲ့ဇာတ်ကွက်လိုပဲ Chow ကိုယ်တိုင်ရိုက်ထားတဲ့ The New King of Comedy ဆိုတဲ့ကားဟာလဲ 2019 Feb လ မှာပဲ ထပ် ထွက်ရှိခဲ့ပြီး ပါပြီ။ Chow ကိုယ်တိုင်ပါဝင်သရုပ်ဆောင်ထားခြင်းတော့မရှိပါဘူးဗျာ။ ပြီးတော့ လောင်ဖြူဖြူ (Celcilia Cheung) ဆိုတဲ့ မင်းသမီး လေးဟာ ဒီ ဇာတ်ကားဖြင့် Hongkong Film Award က ပေးတဲ့ Best New Performer ဆု ကို ဇကာတင် စာရင်းဝင်ခဲ့ပါ သေးတယ်။ သူက ၁၉၉၈ မှ ရုပ်ရှင်လောက ထဲ စဝင်ခဲ့တဲ့ မင်းသမီးဖြစ်ပြီး ၁၉၉၉ မှာ King Of Comedy ဇာတ်ကား ၌တက်သစ်စ မင်းသမီးအနေနဲ့ ဝင်ရောက် သရုပ်ဆောင်ခဲ့ပြီး နာမည်ရလာခဲ့ပါတယ်။ သူ့နာမည်အရင်းက Cecilia Cheung ဖြစ်ပါတယ်။အခုဆို အသက် ၃၉နှစ်နီး ပါးရှိနေပါပြီ။ ××××××

Join Main Channel

Click here for link