Z
ZDXMovies
Movies Actors
Trending Now
Kung Fu Panda
Score 7.3

Kung Fu Panda (2008)

action adventure animation comedy family
Duration

93 MIN

Country

English

Quality

720p

Overview

DreamWorks ရဲ့ အအောင်မြင်ဆုံးရုပ်ရှင်ကားတွေထဲကတစ်ကားဖြစ်တဲ့ ရုပ်ရှင်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ… လူကြီးလူငယ်မရွေး အားပေးခဲ့ကြတဲ့ ရုပ်ရှင်ကားကောင်းတစ်ကားပါ…ဆုပေါင်းများစွာကိုလည်းရယူထားနိုင်ခဲ့ပါတယ်…ဇာတ်လမ်းအကျဉ်းလေးဆီသွားကြရအောင် တစ်ခါတုန်းက အေးချမ်းတဲ့မြို့လေးတစ်မြို့မှာ အပျင်းကြီးပြီး အစားပုတ်တဲ့ ပန်ဒါဝက်ဝံလေးတစ်ကောင်ရှိပါတယ်…သူ့နာမည်ကတော့ ‘ပို’ လို့ခေါ်ပြီး ဝတုတ်ကြီးဖြစ်နေပါတယ်..အဖေဖြစ်သူနဲ့ ခေါက်ဆွဲရောင်းနေရတဲ့သူလည်းဖြစ်ပါတယ်…ဒါပေမယ့် သူဟာ ကွန်ဖူးသိုင်းပညာရှင်အရမ်းဖြစ်ချင်နေပြီးကွန်းဖူးသိုင်းသမားတွေကိုလည်း အားကျနေသူတစ်ယောက်ဖြစ်ပါတယ်…သူတို့မြို့လေးမှာ ကွန်ဖူးသိုင်းသင်တန်းကျောင်းတစ်ခုရှိပြီးသင်တန်းသားတွေ ဖြစ်တဲ့ နာမည်ကြီး ကွန်ဖူးသိုင်းသမားငါးယောက်လည်းရှိပါတယ်…သူတို့ကတော့ Tigress, Crane, Mantis, Viper နဲ့ Monkey တို့ပဲဖြစ်ပါတယ်….တစ်နေ့မှာတော့ သင်တန်းကျောင်းကနေ နဂါးသူရဲကောင်းရွေးချယ်ပွဲကြီးကျင်းပပါတော့တယ်…ဒီရွေးချယ်ပွဲကြီးဟာ သင်တန်းသားတွေထဲကအတော်ဆုံးတစ်ယောက်ကိုရွေးချယ်မှာဖြစ်ပါတယ်…‘ပို’ တစ်ယောက်လည်း ရွေးချယ်ပွဲကြီးကို အရမ်းကြည့်ချင်နေခဲ့ပေမယ့်သူ့အဖေကတော့ ပွဲမှာ ခေါက်သာဆွဲရောင်းခိုင်းပါတယ်…‘ပို’ တစ်ယောက် ပွဲကိုရောက်အောင်သွားခဲ့ပေမယ့် နောက်ကျသွားတဲ့အတွက်ဂိတ်တံခါးပိတ်နေတာကို တွေ့လိုက်ရပါတယ်…ဒီအချိန်မှာ ရွေးချယ်ပွဲလည်း စနေပါပြီ…‘ပို’ လည်း အရမ်းကြည့်ချင်နေတာနဲ့အထဲဝင်လို့ရအောင် ကြံစည်ပါတော့တယ်…ဒီလိုနဲ့ ရွေးချယ်ပွဲဟာ နဂါးသူရဲကောင်းကို ကြေငြာမယ့်အချိန်ကိုရောက်လာပါပြီ…ဒီအချိန်မှာ ‘ပို’ ဟာ အထဲဝင်ဖို့ကြိုးစားရင်းနဲ့ အလွဲလွဲအချော်ေျချာ်တွေဖြစ်ပြီးမမျှော်လင့်ပဲ နဂါးသူရဲကောင်းအဖြစ် ရွေးချယ်ခြင်းခံလိုက်ရတဲ့ အခါမှာတော့…..ဇာတ်လမ်းရဲ့အရသာကို အပြည့်အဝခံစားနိုင်ဖို့အတွက်ဒီလောက်ပဲညွှန်းလိုက်ပါတော့တယ်…‘ပို’ တစ်ယောက်ဘာတွေဆက်ဖြစ်ဦးမှာလဲဆိုတာကိုတော့ ကြည့်ရှုခံစားပေးကြပါဦး…..IMDb rating 7.5/10 အထိရထားတဲ့ကားကောင်းတစ်ကားဖြစ်ပြီး အသံသရုပ်ဆောင်သူများထဲမှာလည်းနာမည်ကြီး သရုပ်ဆောင်များဖြစ်ကြတဲ့ဂျက်ကီချန်း ၊ အင်ဂျလီနာဂျိုလီ စသဖြင့်ပါဝင်သရုပ်ဆောင်ထားပါတယ်…မလွတ်တမ်းကြည့်ရှုသင့်တဲ့ ရုပ်ရှင်တစ်ကားဖြစ်ပါကြောင်းပြောကြားရင်းနဲ့ ခံစားကြည့်ရှုပေးကြပါဦးလို့…..

Join Main Channel

Click here for link