Z
ZDXMovies
Movies Actors
Trending Now
Level 16
Score 6.8

Level 16 (2018)

thriller sci-fi drama
Duration

103 MIN

Country

English

Quality

480p

Overview

၂၀၁၈ တုန်းကထွက်ရှိထားတဲ့ Level 16 ဆိုတဲ့ရုပ်ရှင်ကားလေးဟာ Thriller အမျိုးအစားကြိုက်တဲ့သူတွေအတွက်တော့ အံအကိုက်ဆုံးပါပဲ။ တစ်ကားလုံးမှာ ဘာဆက်ဖြစ်မလဲ… ဘယ်လိုတွေဖြစ်သွားမလဲဆိုတာကြိ စောင့်ကြည့်နေရမယ့် ကားမျိုးပေါ့။ ဇာတ်လမ်းလေးကတော့ ကျောင်းတစ်ခုကနေ စထားပါတယ်။ ကျောင်းရဲ့ ထူးခြားချက်က မိန်းကလေးတွေပဲ ရှိတဲ့အပြင် တစ်ခန်းမှာ ဆယ်ယောက်ဝန်းကျင်သာရှိတယ် သူတို့ကို သင်ကြားပေးတာကတော့ မိန်းမကောင်းတစ်ယောက်ရဲ့ ကိုယ်ကျင့်တရားတွေနဲ့ ရှောင်ကျဥ်ရမယ့် ဒုစရိုက်တွေရယ်ပဲ။ အချိန်မှန်နိုးထ အချိန်မှန် စာသင်ကြရတယ်။ အချိန်မှန် အားဆေးသောက်ကြရတယ်၊ အချိန်မှန်အိပ်ရတယ်။ ကျောင်းသူတွေကို အထပ် သို့ အဆင့်သတ်မှတ်ချက်နဲ့ ခွဲထားတယ်။ အဆင့် ၁၆မှာနေရတဲ့ကျောင်းသူတွေက စီနီယာအကျဆုံးပေါ့… သူတို့က ကျောင်းပြင်ပကိုလုံးဝထွက်ခွင့်မရကြပါဘူး။ ပြင်ပလေထုက သူတို့အတွက် အဆိပ်အတောက်ဖြစ်စေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ပေါ့။ သူတို့ဟာ ချမှတ်ထားတဲ့ စည်းမျဥ်းတွေကို အတိအကျလိုက်နာရတဲ့အပြင် အနည်းငယ်တိမ်းစောင်းတာနဲ့ အောက်ဆုံးထပ်ကို ပို့ပြီး အပြစ်ပေးတာကို ခံကြရပါတယ်။ ဇာတ်ဆောင် ဗီဗီယန်ဆိုတဲ့ မိန်းကလေးက သူအဆင့်၁၆ကိုရောက်သွားချိန်မှာ အဆင့်၁၀မှာတုန်းက ခင်ခဲ့ရတဲ့ ဆိုဖီယာနဲ့ ပြန်ဆုံပါတယ်။ ငယ်ငယ်ကအစာမကြေစရာကိစ္စဖြစ်ခဲ့တာကြောင့် ဗီဗီယန်က မခေါ်မပြောနေပါတယ်။ ဆိုဖီယာဟာ တခြားမိန်းကလေးတွေလို ပျော်ရွှင်မနေဘဲ ဗီ​ဗီယန်ကို တိုက်တဲ့ဆေးတွေ မသောက်ဖို့ ကပ်တိုးလေး တားပါတယ်။ ဒီဆေးတွေက ဘာတွေလဲ… ဆေးမသောက်ရင် ဘာတွေ တွေ့မြင်ရမလဲ… ဒီကျောင်းရဲ့ လျှို့ဝှက်ချက်‌တွေက ဘာတွေလဲဆိုတာတော့ ပရိသတ်တို့ကိုယ်တိုင် ကြည့်ရှုဖော်ထုတ်လိုက်ကြပါ…

Join Main Channel

Click here for link