106 MIN
English
480p
ကျွန်တော်တို့ရဲ့ ကိုကျော်ဝင်းတစ်ယောက် John Wick မလုပ်ခင် တရုတ်ပြည်မှာ ကောင်လေးတွေ မွေးမွေးပြီး စားတဲ့အကြောင်းပါ။ နောက်နေတာပါ ဒီသိုင်းကားကဆိုရင် မင်းသား ကီနူးရိဗ်တစ်ယောက် သူ့ရဲ့ Matrix ဇာတ်ကားထဲက ကွန်ဖူးဆရာကို မြေတောင်မြှောက်ပေးတဲ့ကားဆိုရင် မမှားပါဘူး ဘာလို့လဲဆိုတော့ သူကိုယ်တိုင် ဒါရိုက်တာလုပ်ထားတာ ဖြစ်ပြီး သူကိုယ်တိုင် ဗီလိန်အဖြစ် ပါထားလို့ပဲ ဖြစ်ပါတယ်။ တခြားနာမည်ကြီး တရုတ်သရုပ်ဆောင်တွေလည်း ပါဝင်ထားကြပါသေးတယ်။ ဇာတ်လမ်းက အဓိက အခြေခံထားတာကတော့ ကျွန်တော်တို့ ထိုက်ချိသိုင်းအကြောင်းပဲ ဖြစ်ပါတယ် သူကပြောရမယ်ဆို ရေနဲ့မီး အလင်းနဲ့အမှောင် စတဲ့ဆန့်ကျင်ဖက်တွေ အတူတည်ရှိနေသလိုမျိုး မာကျောတဲ့အရာကို ပျော့ပျောင်းမှုနဲ့ သိမ်းသွင်းတဲ့ ကိုယ်ခံပညာတစ်ခုပါ (နာမည်ကြီးဆို မင်းသားကြီး ဂျက်လီချတာတွေ ရှိပါမယ်)။ ဇာတ်လမ်းအကျဉ်းကတော့ ကိုကျော်ဝင်းဟာ ဟောင်ကောင်မှာ လုံခြုံရေးကုမ္ပဏီ ဟန်ပြလုပ်ပြီး မြေအောက်တိုက်ခိုက်ပွဲတွေ ကျင်းပနေတဲ့လူတစ်ဦး၊ တစ်နေ့ သူ့ဖိုက်တာကောင် အားမရလို့ သတ်ပစ်ပြီး လူသစ်ရှာနေတဲ့အချိန်ပေါ့။ မင်းသား တိုက်ဂါးဆိုတာကျ ထိုက်ချိပညာအမွေယူနေတဲ့ လူတစ်ယောက် လမ်းကြောင်းမှန်မရောက်သေးပဲ ကြိုးစားနေရဆဲပေါ့။ တစ်ဖက်မှာလည်း ကိုကျော်ဝင်းကို ဖမ်းချင်နေကြတဲ့ ရဲမေတစ်သိုက်တို့က ရှိကြပါသေးတယ်။ တစ်ရက်ကျ တိုက်ဂါးအရည်အချင်းတွေကို ကိုကျော်ဝင်း သဘောကျပြီး သူ့ဖိုက်တာလုပ်ဖို့ ဖိတ်ခေါ်ပါတယ် ဒါပေမဲ့ ကိုယ်ခံပညာဟာ ပိုက်ဆံရှာစရာမဟုတ်ဘူးဆိုပြီး ငြင်းခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ သူ့ဆရာနေတဲ့ ဘုရားကျောင်းအတွက် ပိုက်ဆံတွေ အများကြီး လိုအပ်လာတဲ့အချိန်မှာတော့ တိုက်ဂါးတစ်ယောက်…. ဒီလောကထဲ ဝင်ရောက်ပြီး ဘာတွေဆက်ဖြစ်မလဲ ကိုကျော်ဝင်းရဲ့ ရည်ရွယ်ချက်အမှန်ကရော ဘာလဲ ဘယ်လိုတွေ အဆုံးသတ်မလဲဆိုတာ သိုင်းတွေအမိုက်ချတာကြည့်ပြီး တရုတ်မလေးတွေ ငမ်းရမှာပါ။ (ရဲမေမဟုတ်တဲ့ တရုတ်မင်းသမီးလေးဆို အတော်ချောပါတယ် မင်းသားနဲ့တောင် သိပ်မတန်ချင်ပါဘူး ကြည့်ရတာ တန်စေရပါမယ် ဒါက စကားချပ်…)
Click here for link
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor