93 MIN
English
480p
ဘက်စကတ်ဘောနည်းပြ ကလိုက်ဒ်နဲ့ သူ့ဇနီး စတက်ဖနီတို့က ကွာရှင်းလိုက်ကြပြီး ကလေးနှစ်ယောက်ကို ကလိုက်ဒ်က ခေါ်သွားခဲ့ပါတယ် ။ အိမ်ပြောင်းလာတာဖြစ်တဲ့ ကလိုက်ဒ်တို့ သားအဖသုံးယောက်ဟာ ခြံဝန်းတစ်ခုမှာ ပစ္စည်းအဟောင်းတွေ ရောင်းနေတာနဲ့ လိုတာတွေ ဝင်ဝယ်ကြပါတော့တယ် ။ အဲဒီနေရာမှာ ကလိုက်ဒ်ရဲ့ သမီးငယ်လေး အမ်မလီ မျက်စိကျသွားတဲ့ ပစ္စည်းကတော့ ရှေးဟောင်းသေတ္တာတစ်လုံးပါပဲ ။ သေတ္တာအဖုံးပေါ်မှာ ဟီဘရူးဘာသာစကားနဲ့ “ သတိပေးချက် : မဖွင့်ရ သေတတ်သည်” လို့ ရေးထားတဲ့ သေတ္တာကို အမ်မလီလေး ဖွင့်နိုင်သွားတဲ့အခါ ဘာတွေဖြစ်လာမလဲ ။ သေတ္တာထဲမှာရှိနေတာကရော ဘာဖြစ်မလဲ ။ ရုတ်တရက်ကြီး ပြောင်းလဲသွားတဲ့ အမ်မလီကို ကလိုက်ဒ်တို့ မိသားစု ကယ်နိုင်ပါ့မလားဆိုတာကို ၂၀၁၂ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ The Possession ရုပ်ရှင်မှာ ရင်ခုန်စိတ်လှုပ်ရှားစွာ စောင့်ကြည့်ရမှာပါ ။ အဓိက ဇာတ်ဆောင် တဖြစ်လဲ အမ်မလီ့အဖေ ဘတ်စကတ်ဘောနည်းပြ ကလိုက်ဒ်အနေနဲ့ကတော့ Walking Dead နဲ့ Grey’s Anatomy တို့မှာ ပါဝင်ထားတဲ့ မင်းသားကြီး Jeffrey Dean Morgan က ပါဝင်သရုပ်ဆောင်ထားပါတယ် ။
Click here for link
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor