129 MIN
English
720p
အမေရိကန်နိုင်ငံမှာ နေ့စဉ်လူတစ်သောင်းနီးပါးဟာအကြောင်းအမျိုးမျိုးနဲ့သေဆုံးလျက်ရှိပြီး သေဆုံးမှုအများစုဟာ မြို့ပြဝန်းကျင်မှာဖြစ်ပါတယ်။လူတစ်ဦးကိုသေဆုံးပြီလိုအတည်ပြုအပြီး သတိပြန်မလည်လာခင်အချိန်မှာ မျက်စိကွယ်လုနီးပါးတောက်ပတဲ့အဖြူရောင်အလင်းတန်းကိုတွေ့မြင်ရတဲ့အတွေ့အကြုံကိုသေလုနီးပါးအတွေ့အကြုံ(NDE)လို့ခေါ်ဆိုပြီး ပျှမ်းမျှအနေနဲ့ အမေရိကန်မှာ သေလုနီးပါးအတွေ့အကြုံ (NDE) ကိုကြုံဆုံရသူ တစ်နေ့ကို ၇၇၄ ဦးဝန်းကျင်ရှိတယ်လို့သိရပါတယ်။ဒီမှာဆိုရင်သေရွာပြန်လို့ခေါ်တဲ့လူမျိုးဖြစ်ပါလိမ့်မယ်။ Abe ဟာ သူ့ဇနီး၊သားတို့နဲ့အတူ မနက်စာထွက်စားနေတဲ့အချိန်မှာ လူတစ်ယောက်က သူ့ဇနီးနဲ့သားကို သေနတ်နဲ့အသေအချာချိန်ရွယ်ပစ်ခတ်ခဲ့ပြီး သူ့ကိုတောင်းပန်ကာ သူ့ကိုယ်သူလည်းသေနတ်နဲ့ပစ်သတ်သွားခဲ့ပါတယ်။ ဝေခွဲမရတဲ့စိတ် ယူကျုံးမရစိတ်တွေနဲ့ ဖြေမဆည်နိုင်တဲ့ Abe ဟာဆေးအလွန်အကျွံသောက်ပြီး သူ့ကိုယ်သူသတ်သေဖို့ကြိုးစားခဲ့ပေမယ့် သူ့သူငယ်ချင်းက အချိန်မှီသိရှိကယ်တင်နိုင်ခဲ့ပြီး သတိပြန်လည်မလာခင်အချိန်မှာ NDE အတွေ့အကြုံကိုရရှိခဲ့တဲ့နောက် Abe ဟာသေဆုံးတော့မယ့်လူတွေကိုသူတို့ဘေးမှာဖြာထွက်နေတဲ့အဖြူရောင်အလင်းတန်းတွေကတစ်ဆင့်ကြိုမြင်နိုင်စွမ်းရှိလာခဲ့ပါတယ်။ ဒီလိုနဲ့ အဲ့ဒီအစွမ်းကိုအသုံးချပြီးသေဘေးဆိုက်တော့မယ့်လူတွေကို ကယ်တင်နိုင်ခဲ့ပေမယ့် သူဟာကြီးမားတဲ့အမှားတွေတစ်ခုပြီးတစ်ခုကျူးလွန်နေခဲ့တာတွေကိုသိရှိလာရပြီးတဲ့နောက် သူ့ဇနီးနဲ့သားကိုပစ်သတ်သွားတဲ့သူဘာကြောင့် အဲ့ဒီလိုလုပ်ခဲ့ရတယ်ဆိုတဲ့အဖြေကိုပါ နားလည်လာတဲ့အခါမှာတော့..။မူရင်းဇာတ်ကားကို မှီရုံတင်မက မူရင်းထက်ပါ ပိုသာတဲ့ ရှားရှားပါးပါး Sequel တွေထဲက တစ်ခုဖြစ်ပါတယ်။မူရင်းဇာတ်ကားနဲ့ ချိတ်ဆက်မထားတဲ့ Stand alone sequel တစ်ခုလည်းဖြစ်တဲ့အတွက် Horror ပရိသတ်တွေလက်လွတ်မခံသင့်တဲ့ကားကောင်းတစ်ကားပါ။
Click here for link
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor