107 MIN
English
720p
Jim Thomas နဲ့ John Thomas တို့နှစ်ယောက်သား အသက်သွင်းခဲ့တဲ့ Predator (အမဲလိုက်သားရဲ) ရဲ့ ပထမဆုံးဇာတ်ကားကို တင်ဆက်လိုက်ပါတယ်။ သူတို့ရေးခဲ့တဲ့ ဝတ္ထုခေါင်းစဉ်က Hunter (မုဆိုး) ပါ။ Arnold Schwarzenegger ခေါင်းဆောင်ပါဝင်တဲ့ ဒီဇာတ်ကားက ဝေဖန်မှုတွေနဲ့ ချီးကျူးမှုတွေ တလှေကြီး ရခဲ့သလို ၁၉၈၀ ခုနှစ်တွေရဲ့ အကောင်းဆုံး ရုပ်ရှင်တွေထဲက တစ်ခုဖြစ်ပြီး သိပ္ပံစိတ်ကူးယဉ်ဇာတ်ကားတွေရဲ့ ဂန္တဝင်စာရင်းဝင်ခဲ့ပါတယ်။ ဒီဇာတ်ကားရဲ့ အောင်မြင်မှုကြောင့် Predator ဇာတ်ကားတွေ အများကြီးဆက်ထွက်လာခဲ့တာမလို့ မလွတ်တမ်း ကြည့်ရှုသင့်တဲ့ ဇာတ်ကားပါ။ Generation X နဲ့ Y တို့ကြားမှာ ရေပန်းစားခဲ့ပြီး မကြည့်ရသေးတဲ့သူက တောသားအဖြစ် သတ်မှတ်ခံခဲ့ရဖူးတာမျိုးပေါ့ဗျာ။ ၁၅ သန်း အသုံးပြုခဲ့ပြီး ၉၈ သန်းကျော် ပြန်ရခဲ့တဲ့ကားပေါ့။ သူ့နောက်မှာ Predator 2 (1990)၊ Predators (2010)၊ The Predator (2018) နဲ့ Prey (2022) တို့ အသီးသီး ထွက်ရှိခဲ့ပါတယ်။ မှီငြမ်းဇာတ်ကားအဆက်တွေအနေနဲ့ Alien vs. Predator နှစ်ကား ထွက်ခဲ့ပါသေးတယ်။ Alien vs. Predator (2004) နဲ့ Alien vs. Predator: Requiem (2007) တို့ပါ။ မျက်နှာဖုံးစွပ်ကြီးတပ်ပြီး ပုခုံးပေါ်မှာ အမြောက်ပါတဲ့ ကိုယ်ပျောက်လူသတ်သမား ဂြိုဟ်သားကြီးကို ပရိသတ်က နှစ်ထောင်းအားရ ကြိုက်နှစ်သက်ခဲ့ကြတာပေါ့လေ။ ဇာတ်လမ်းအကျဉ်းကတော့ ရုရှားဩဇာခံနိုင်ငံတစ်ခုက အမေရိကားကို ကျူးကျော်လာမယ့်ဘေးကို တားဆီးချင်တဲ့ စစ်သားဟောင်းကြီး CIA အေးဂျင့်က အာနိုးတို့ အထူးတပ်ဖွဲ့ကို လံကြုပ်ဇာတ်လမ်းဆင်ပြီး တောထဲအပါခေါ်ခဲ့ရာက စပါတယ်။ တောတွင်းချီတက်ပုံတွေနဲ့ စခန်းသိမ်းတိုက်ပွဲတွေအပြီးမှာ အာနိုးတို့အဖွဲ့ကို အမဲလိုက်သူကြီးက တစ်ယောက်ချင်း အမှည့်ချွေလာတဲ့အခါမှာတော့ အားမတန်တဲ့ ဂြိုဟ်သားကြီးကို အတောင်သုံးဆယ်ဝတ် မင်းယောက်ျားကြီးတွေ ပြန်လှန်ခုခံကြပုံတွေက အံ့မခန်း လတ်ဆတ်နုပျိုနေဆဲဖြစ်တာမလို့ ကိုယ့်ရဲ့ Device ထဲမှာ သိမ်းထားသင့်တဲ့ Old but Gold ဖြစ်ပါကြောင်း။
Click here for link