Z
ZDXMovies
Movies Actors
Trending Now
Room
Score 8.1

Room (2015)

thriller action drama mystery
Duration

118 MIN

Country

English

Quality

480p

Overview

အသက် ၂၄ နှစ် ဂျွိုင်းနယူးဆမ်းဟာ ငါးနှစ်အရွယ် သူ့သားလေး ဂျက်ခ် နဲ့အတူ သူတို့ အခန်းလေးလို့ နာမည်ပေးထားတဲ့ ဂိုဒေါင်လေးထဲမှာ နေထိုင်ကြတယ်။ အဲဒီ ဂိုဒေါင်လေးထဲမှာ သူတို့ လိုအပ်မယ့် ပစ္စည်း အနည်းငယ် ရယ် ပြတင်းပေါက်ဆိုလို့ ကောင်းကင်အလင်းရောင်လေး ဝင်နိုင်တဲ့အပေါက်လေးရယ် ပဲရှိတယ်။အဖိုးကြီးနစ်ခ် လို့ သူတို့ခေါ်တဲ့ သူက ဂျွိုင်း အသက် ၁၇ နှစ်ထဲက ဖမ်းထားခဲ့ပြီး ဒီအခန်းလေးထဲမှာ ၇နှစ်လုံးလုံး ပိတ်ထားခဲ့တယ်။ နည်းအမျိုးမျိုးနဲ့ ထွက်ဖို့ ကြိုးစားခဲ့ပေမယ့် စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ အားနည်းနေခဲ့တာကြောင့် မလွတ်မြောက်နိုင်ခဲ့ပါဘူး။အဖိုးကြီးနစ်ခ်က ဂျက်ခ်လေးရဲ့ သွေးသားတော်စပ်မှု အရ အဖေ ဖြစ်ပေမယ့် ကလေးကို ရှိတယ်လို့တောင် သတ်မှတ်တာ မဟုတ်ပါဘူး။ဂျွိုင်း က ကလေးကို ဒီအခန်းထဲက အရာတွေပဲ အစစ်ဖြစ်ပြီး ကျန်တာတွေက တီဗီ ထဲကအရာတွေလို့ အသိပေးထားပေမယ့် ဂျက်ခ်လေး အသက် ငါးနှစ်ပြည့်လို့ နားလည်နိုင်တဲ့အရွယ်ရောက်တော့ အပြင်လောက အကြောင်းကို နားဝင်အောင်ရှင်းပြခဲ့တယ်။ကလေးကို အပြင်ရောက်ဖို့ နည်း အမျိုးမျိုး ကြိုးစားခဲ့ပေမယ့် မရတဲ့အဆုံး သေဟန်ဆောင်ခိုင်းပြီး အပြင်ကိုထွက်ခွင့် ရအောင် ကြံတယ်။ အပြင်လောက ကို တစ်ခါမှ မမြင်ဖူးတဲ့ ငါးနှစ်ကလေးလေး ဂျက်ခ် တစ်ယောက် တကယ်ပဲ လွတ်မြောက်နိုင်ပါ့မလား လွတ်ခဲ့ရင်ရော အမေကို ပြန်ကယ်နိုင်ပမလား။

Join Main Channel

Click here for link