127 MIN
English
480p
ကျွန်တော်တို့လွန်ခဲ့တဲ့ 3 နှစ်ခန့်လောက်ကို ပြန်သွားကြည့်ရအောင်ဗျာ။ Star Trek into Darkness က တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ဝင်ငွေ $467 Million နဲ့အောင်ပွဲခံနေတဲ့အချိန်ပေါ့။ တစ်ချို့ကတော့ သူတို့သဘောကျတဲ့ Khan ဇာတ်ကောင်ကို သရုပ်ဖော်တာ မကြိုက်လို့ဆိုပြီး အညံ့ဆုံး Star Trek ရုပ်ရှင်တို့ဘာတို့နဲ့အော်ဟစ်နေကြတဲ့သူတွေလည်း ရှိတဲ့အချိန်ပေ့ါဗျာ။ ဒီအချိန်မှာပဲ ထိုဇာတ်ကားတွေရဲ့Director ဖြစ်သူ J.J. Abrams တစ်ယောက်က တတိယမြောက် Star Trek reboot ရုပ်ရှင်ကို မရိုက်ကူးတော့ဘူးဆိုပြီး ထို Project က ထွက်သွားတော့တယ်။ (သေချာတဲ့အကြောင်းပြချက်ကတော့ The Force Awaken ကြောင့်ပေါ့။) 2014 လောက်မှာထင်တယ်။ အစကတော့ အရင်ဇာတ်ကား 2 ကားကို ဇာတ်ညွှန်းရေးခဲ့တဲ့ Roberto Orci က တတိယမြောက်ဇာတ်ကားအတွက် ကိုယ်တိုင်ဇာတ်ညွှန်းရေးကာ Director အဖြစ် ပထမဆုံး ရိုက်ကူးမယ်လို့ကြားလိုက်ရတယ်။ နည်းနည်းတော့လန့်တာပေါ့။ တစ်ခါမှ Director မလုပ်ဖူးတဲ့ ဇာတ်ညွှန်းရေးဆရာတစ်ယောက်က Star Trek လို ဇာတ်ကားကြီးကို ကိုင်မယ်ဆိုတော့။ ဒါပေမဲ့ ထိုနှစ် May လ လောက်က စလိုက်တဲ့ထိုသတင်းဟာ December လောက်မှာ ပျက်သုန်းသွားခဲ့တယ်။ ထုံးစံအတိုင်း “Creative Differences” ဆိုတဲ့ အမည်တစ်ခုနဲ့ပဲ Roberto Orci နဲ့Paramount တို့လမ်းခွဲခဲ့ကြတယ်။ ဒီတော့ Roberto Orci ကလည်း သူနဲ့အတူ သူရေးတဲ့ ဇာတ်ညွှန်းကို တစ်ပါတည်း ယူဆောင်သွားတယ်။ ဒီမှာတင် အခက်တွေ့တော့တာပဲ။ 2015 ထဲဝင်လာပြီ။ 2016 ဟာ Star Trek ရဲ့နှစ် 50 ပြည့်နှစ်မို့အထိမ်းအမှတ်တစ်ခုဖြစ်အောင် 2016 မှာ ထိုရုပ်ရှင် ထွက်ကို ထွက်မှ ဖြစ်တော့မှာ။ သူတို့မှာ ကျန်တဲ့အချိန်က 1 နှစ်ပဲ ရှိတော့တယ်။ ဒီအချိန်ထိ အဖြေဟာ မသဲကွဲသေးဘူး။ ရုပ်ရှင်အဖွဲ့သားတွေကတောင် ထိုဇာတ်ကား မရိုက်ဖြစ်တော့ပါဘူး ထင်ပြီး တစ်ခြားဇာတ်ကားတွေ ရိုက်ကူးသွားကြတော့တယ်။ သိပ်တော့ မကြာလိုက်ဘူး။ 2015 August လောက်မှာဖြစ်မယ်။ ဒီ Project ကို ပြန်လည် အသက်သွင်းဖို့စတင်ကြိုးပမ်းခဲ့တာ Scotty အဖြစ် သရုပ်ဆောင်တဲ့ Simon Pegg ပဲ။ သူ့ရဲ့စိတ်ကူးတွေထဲမှာ ယခု တတိယမြောက် ဇာတ်ကားအတွက် ဇာတ်လမ်းတွေရှိနေခဲ့တယ်။ ဒီလိုနဲ့ပဲ Simon Pegg နဲ့Doug Jung ဆိုတဲ့သူတစ်ယောက်နဲ့ယခုဇာတ်ကားအတွက် ဇာတ်ညွှန်းတွေ စတင်ရေးသားလာတော့တယ်။ သူတို့တွေကို Paramount က Roberto Orci ရဲ့ဇာတ်ညွှန်းကို မပြသခဲ့ဘူး။ ယခုထိလည်း ထိုဇာတ်ညွှန်းထဲက ဇာတ်လမ်းဟာ ဘယ်လိုလည်းဆိုတာ ဘယ်သူမှ မသိခဲ့ဘူး။ (Paramount နဲ့Roberto Orci တို့ကလွဲရင်ပေ့ါ။) အဲ့ဒီ့နောက်တော့ သူတို့အတွက် Paramount က Director တစ်ယောက် ခေါ်လာခဲ့တယ်။ ဒီအချိန်မှာပဲ သူတို့အားလုံး အံ့သြသင့်ကြရတော့တယ်။ Paramount ခေါ်လာတဲ့သူက တစ်ခြားမဟုတ်။ Fast and Furious ဇာတ်ကားတွေနဲ့နာမည်ကြီးလာခဲ့တဲ့ Justin Lin လေ။ Justin Lin က Fast and Furious ဇာတ်ကားတွေကို တတိယမြောက် Tokyo Drift ကနေ ဆဌမမြောက် ဇာတ်ကား Fast and Furious 6 အထိ ရိုက်ကူးခဲ့တဲ့သူ။ ဒါကို ပရိသတ်တွေကြားရတော့ internet မှာ ပြန့်သွားတဲ့ Comments တွေက “R.I.P Star Trek.” တဲ့။ ရယ်တော့ ရယ်ရတယ်။ ကျွန်တော်လည်း အပါအဝင်လေ။ ——————————————————————————– ဒီနေရာမှာ ကျွန်တော် Justin Lin အကြောင်းအနည်းငယ် ပြောချင်ပါတယ်။ သူဟာ အမှန်တော့ Indie ရုပ်ရှင်တွေနဲ့စခဲ့တဲ့သူ။ သူခေါ်တာကတော့ “Credit card movies” တွေတဲ့။ သူ့စရိတ်နဲ့သူကိုယ်တိုင် အကုန်အကျခံကာ ရိုက်ခဲ့ရတဲ့ ရုပ်ရှင်တွေလေ။ “Shopping for Fangs” တို့”Better Luck Tomorrow” တို့တွေပေ့ါ။ သူဟာ Fast and Furious တွေကို စရိုက်တော့ လူတွေက ဒီ indie ကောင်က FF ကားတွေကို ဘာလို့လာရိုက်တာလဲပေါ့။ ခုလည်း ဒီလိုပဲ။ ဒီ FF ကား ကောင်က Star Trek ကို ဘာလာ လုပ်တာလဲပေါ့။ အမှန်တော့ ရှင်းပါတယ်။ Justin Lin က Star Trek အကြောင်းကို ကားတွေအကြောင်းထက် ပိုသိတဲ့သူပါ။ သူဟာ လွန်ခဲ့တဲ့ 35 နှစ်လောက်ကတည်းက Star Trek နဲ့ရင်းနှီးခဲ့တဲ့သူ။ သူတို့မိသားစုက Taiwan ကနေ California ကို ပြောင်းလာတော့ သူက 8 နှစ်သားပဲ ရှိသေးတယ်။ Fish and Chips ဆိုင်လေးဖွင့်တယ်။ သူရဲ့ကျောင်းက သူငယ်ချင်းတွေက Star Wars ဖြစ်နေချိန်မှာ သူဟာ Star Trek ဖြစ်ခဲ့တဲ့သူ။ ဘာလို့လဲဆိုတော့ သူဟာ ထိုအချိန်က ရုပ်ရှင်ရုံတွေမှာ ရုပ်ရှင်သွားကြည့်ဖို့လောက်ထိ ပိုက်ဆံမရှိခဲ့ဘူးလေ။ အဲ့ဒီ့တော့ ညဘက်တွေမှာ အလကားပြတဲ့ Star Trek ရုပ်သံဇာတ်လမ်းတွဲတွေကိုပဲ ကြည့်ခဲ့ရပြီး ထိုအချိန်ကတည်းက Star Trek fan တစ်ယောက် ဖြစ်လာခဲ့တော့တာပဲ။ Star Trek Beyond ဇာတ်ကားကို စဖွင့်တော့ ထုံးစံအတိုင်း Captain Kirk က တစ်ခြားဂြိုလ်တစ်ခုပေါ်မှာ ထိုဂြိုလ်က အကြီးအကဲတွေကို လက်ဆောင်သွားပေးနေတာ။ အဆင်မပြေဖြစ်ပြီး သူပြန်ပြေးလာတဲ့အချိန်မှာတော့ သူပေးမဲ့ လက်ဆောင်ဆိုတဲ့ အရာလေးဟာ သူနဲ့ပြန်ပါလာခဲ့တယ်။ ဒီတစ်ခါ ခရီးစဉ်ကြီးက 5 နှစ်သက်တမ်း။ အချိန်က 3 နှစ်ခန့်တောင် ကျော်လာပြီ။ USS Enterprise က သူတို့နားခိုလေ့ရှိတဲ့ နေရာတစ်ခုဖြစ်တဲ့ Yorktown ကို ရောက်တဲ့အခါ Captain Krik နဲ့Spock တို့မှာကိုယ်ပိုင် အနာဂတ်အတွက် စီစဉ်ချမှတ်ထားပြီးသား ဆုံးဖြတ်ချက်ကိုယ်စီရှိကြတယ်။ ဒါပေမဲ့ တစ်ယောက်ကို တစ်ယောက် ဖွင့်ပြောပြဖို့တော့ အခွင့်အလမ်း မသာခဲ့ဘူး။ Vice Admiral အဖြစ်ရာထူးတိုးဖို့Captain Kirk တစ်ယောက် အထက်ကို လျှောက်ထားပြီးလေ။ Spock တစ်ယောက်ကတော့ Uhura နဲ့လမ်းခွဲပြီးခါစ အချိန်ဖြစ်သလို Ambassador Spock တစ်ယောက်လည်း သေဆုံးသွားပြီလို့ဝမ်းနည်းဖွယ်ရာ သတင်းကို ကြားသိခါစအချိန်လည်း ဖြစ်နေပြန်တယ်။ ထိုဝန်းကျင်တစ်ဝိုက်နားမှာ ရှိတဲ့ Nebula တစ်ခုကနေ ရောက်လာတဲ့ Kalara အမျိုးသမီးတစ်ဦးရဲ တောင်းဆိုချက်အရ ရပ်တန့်နေတဲ့သူမတို့ယာဉ်ကြီးက အဖွဲ့ဝင်တွေကို သွားကယ်ပေးဖို့ပဲ။ ဒီလိုနဲ့Captain Kirk ဦးဆောင်တဲ့ သူတို့အဖွဲ့ကြီး ထိုသူတွေကို ကယ်တင်ဖို့ထွက်ခွာလာတော့တာပေါ့။ ဒါပေမဲ့ ထိုနေရာအရောက်မှာပဲ အလွန်တရာများပြားလှတဲ့ ယာဉ်ငယ်တွေရဲ့ခြောင်းမြောင်းတိုက်ခိုက်ခြင်းကို ရုတ်တရက် ခံလိုက်ရကာ သူတို့ရဲ့USS Enterprise ယာဉ်ကြီးတစ်ခုလုံး ပျက်ဆီးတဲ့ အနေအထားထိ ရောက်ရှိခဲ့ကာ Sulu နဲ့Uhura တို့ အပါအဝင် USS Enterprise အဖွဲ့ဝင်အများစု အဖမ်းခံရတော့တယ်။ Captain Kirk နဲ့Chekov တို့ကတစ်နေရာ၊ Scotty က တစ်နေရာ၊ Bones နဲ့Spock တို့ကတစ်နေရာစီ ကွဲသွားကြကာ ထိုအနီးက ဂြိုလ်တစ်ခုအပေါ်မှာ သောင်တင်ကြရတော့တယ်။ သူတို့ကို တိုက်ခိုက်တဲ့ သူနာမည်က Krall တဲ့။ Krall ဟာ ဘာကြောင့် သူတို့ကို တိုက်ခိုက်တာလဲ။ Krall ရဲ့အကြံအစည်ဟာ ဘာလဲ။ Star Trek Beyond ရဲ့ဇာတ်လမ်းဟာ ခုမှ စတင်လာပါတော့တယ်။
Click here for link
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor