95 MIN
English
480p
၂၀၂၁ ထွက် Sci-fi, Thriller ဇာတ်ကားလေးပါ။ Pitch Perfect မင်းသမီး Anna Kendrick ပါဝင်သရုပ်ဆောင်ထားပါတယ်။ မားစ်ဂြိုလ်ကို ဒုတိယ ကမ္ဘာအဖြစ် နယ်မြေချဲ့ထွင်နိုင်ဖို့ ကြိုးစားတဲ့ Mission တစ်ခုအကြောင်းပါ။ ယာဉ်မှူးတစ်ယောက်၊ ရုက္ခဗေဒ ပညာရှင်တစ်ယောက်၊ ဆရာဝန်တစ်ယောက်တို့က မားစ်ဂြိုလ်မှာ နှစ်နှစ်စာ သုသေသနပြုလုပ်ဖို့ သွားကြပါတယ်။ ဒါပေမဲ့ လမ်း တစ်ဝက်မှာ မမျှော်လင့်ထားတဲ့ လိုက်ပါစီးနင်းသူတစ်ယောက် ဒုံးပျံပေါ်မှာ ပါလာတာကို တွေ့လိုက်ရပါတယ်။ သုံးယောက်စာ စီစဉ်ထားတဲ့ ခရီးစဉ်မှာ လူပိုတစ်ယောက် မမျှော်လင့်ဘဲ ပါလာသလို အောက်စီဂျင်အထောက်အပံ့ပေးတဲ့ စနစ်က ပျက်သွားတဲ့အတွက် သူတို့ရဲ့ ခရီးစဉ်က ကမောက်ကမဖြစ်သွားပါတယ်။ အောက်စီဂျင်အထောက်အပံ့က သူတို့လေးယောက်လုံးအတွက် မလုံလောက်တော့တဲ့ အခါမှာ သူတို့တွေ အာကာသဟင်းလင်းပြင်မှာ သူတို့တွေ အသက်ဆက်ရှင်နိုင်ဖို့ ဘာတွေလုပ်ကြလဲ။ ဘယ်လိုရွေးချယ်မှုတွေလုပ်ပြီးတော့ သူတို့လေးယောက်လုံး အသက်ဆက်ရှင်နိုင်ပါမလားဆိုတာကို ရင်တထိတ်ထိတ်နဲ့ကြည့်ရမှာပါ။
Click here for link
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor