Z
ZDXMovies
Movies Actors
Trending Now
The Bad Seed Returns
Score 6.8

The Bad Seed Returns (2022)

drama horror tv_movie thriller
Duration

88 MIN

Country

English

Quality

480p

Overview

Horror movie ဖန်တွေအတွက် မစိမ်းလှတဲ့ ၂၀၁၈ ခုနှစ်မှာထွက်ရှိပြီးသား The Bad Seed ရဲ့ sequeal ဇာတ်လမ်း ထွက်ရှိလာပါပြီ။ 2018 movie ကို ကြည့်ရှုပြီးသူတွေကတော့ ဇာတ်လမ်းကြောင်းသိထားပြီးသားဖြစ်တာကြောင့် Psychopath ကလေးမလေး အမ်မာရဲ့ ဆယ်ကျော်သက်ရွယ်ဘဝကို ဒီကားမှာဆက်ပြီးကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ ငယ်ငယ်ကတည်းက Psychopath ဘဝနဲ့မွေးဖွားလာတဲ့ကောင်မလေး အမ်မာဟာ သူ့အဖေအရင်း၊ ရွယ်တူကောင်လေးတစ်ယောက်၊ ဆရာမတစ်ယောက်နဲ့ ကလေးထိန်းတစ်ယောက်တို့ကို လူမသိစေဘဲ သေအောင်ကြံစည်ခဲ့ပြီး သူ့အဒေါ် အန်ဂျလာနဲ့အတူနေထိုင်ဖို့အတွက် အဒေါ်အိမ်ကို လိုက်သွားခဲ့ရပါတော့တယ်။ အဒေါ့်အိမ်မှာ အဒေါ့်ယောကျ်ားရယ် အဒေါ်တို့လင်မယားကမွေးတဲ့ ကလေးလေးနဲ့အတူနေထိုင်ရင်း ဆယ်ကျော်သက်ဘဝကို ဘယ်လိုဖြတ်သန်းမလဲ? သူ့ကိုမကျေမနပ်ဖြစ်အောင် လုပ်မိတဲ့သူတွေ ဘယ်လိုဇာတ်သိမ်းရမလဲ? ဒီတစ်ခေါက်မှာရော ပထမဇာတ်ကားကလို အပြစ်လွတ်အောင်ရှောင်နိုင်ပါ့မလား? ဆိုတာကိုတော့ အခုထွက်ရှိလာတဲ့ The Bad Seed Returns ဇာတ်ကားမှာ ကြည့်ရှုလိုက်ကြရအောင်ပါ။ သွေးအေးအေးနဲ့ Psycho ဆန်ဆန်နောက်ခံသီချင်းတွေပါ ပါရှိပြီး ဇာတ်ကွက်ကို အေးအေးလေးချပြသွားတာမလို့ အခန်းအမှောင်ချပြီး အသံကျယ်ကျယ်လေးနဲ့ ကြည့်ရှုခံစားနိုင်ပါကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။

Join Main Channel

Click here for link