101 MIN
English
720p
The Haunting in Connecticut 2: Ghosts of Georgia ဇာတ်ကားကတော့ Director : Tom Elkins ရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာဆိုရင်တော့ သရုပ်ဆောင်တွေအနေနဲ့ Abigail Spencer,Morgana Shaw,Chad Michael Murray နဲ့ Emily Alyn Lind တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ စိတ်ဆိုတဲ့အရာက ထူးဆန်းလှပါတယ်။ တကယ်ရှိနေတာကို မရှိဘူးဆိုပြိးလုပ်လို့ရသလို တကယ်မရှိတာကိုလည်း အရှိလုပ်လို့ရပါသေးတယ်။ စိတ်ကိုဖိအားအရမ်းပေးတာမျိုး ၊ ကြောက်စိတ်တွေအရမ်းများနေခြင်းမျိုးတွေကလည်း လူတစ်ယောက်ရဲ့မသိစိတ်ကနေ ကြောက်နေတဲ့အရာတွေကို တကယ့်လက်တွေ့သကဲ့သို့ထင်မှတ်လာစေပါတယ်။ ဒါပေမယ့် တစ်ချို့သောအရာတွေကတော့ တကယ်မရှိဖူးလို့ထင်မှတ်ချင်ပေမယ့်လည်း….. ဒီဇာတ်ကားထဲမှာဆိုရင်တော့ စူးစမ်းလေ့လာရတာကို သဘောကျတဲ့ မိသားတစ်စုက ဟိုးရှေးခေတ်ကသမိုင်းဝင်အိမ်ကြီးတစ်အိမ်ကို လေ့လာဖို့ပြောင်းလာကြတယ်။ သူတို့တွေလေ့လာမှု့တွေလုပ်ကြတယ်။ပျော်ရွှင်နေကြတယ်။ ဒါပေမယ့် မကြာခင်မှာ ဒီအိမ်ကြီးမှာဘာတွေဖြစ်နေလဲဆိုတာ သိရှိပြီးနောက် သူတို့ရဲ့ပျော်ရွှင်မှု့တွေ အဆုံးသတ်သွားခဲ့ပါတယ်။ ဘာကြောင့်လဲ….ဘာလို့လဲဆိုတာကို သိချင်ရင်တော့ ဇာတ်ကားလေးထဲမှာ ဆက်လက်ရှု့စားကြပါတော့…။ ဒီဇာတ်ကားကတော့ Drama,Horror,Mystery ဇာတ်ကားဖြစ်သည့်အပြင် IMDb rating 5.3 ရရှိထားတာကြောင့် မိသားစုနှင့်ဖြစ်ဖြစ် ချစ်သူနှင့်ဖြစ်ဖြစ် ကြည့်ရှု့သင့်တဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။
Click here for link