Z
ZDXMovies
Movies Actors
Trending Now
The Messenger
Score 6.8

The Messenger (2009)

drama romance
Duration

114 MIN

Country

English

Quality

480p

Overview

စစ်ကားဟေ့ဆိုလျှင် BLACK HAWK DOWN ၊AMERICAN SNIPER၊LONE SURVIVOR၊ SAVING PRIVATE RYAN တို့လို ကျည်ဆံသံတဝီဝီ အမြောက်ဆံတဝုန်းဝုန်းတွေပါတဲ့ကားမျိုးမှ သဘောကျတဲ့ ကျွန်တော့်အဖို့ ယ္ခုThe Messenger(2009) ဇာတ်ကားကိုကြည့်ဖို့ အတော်ကြီးကို အားမွေးရပါတယ်….ဘာလို့လဲဆိုတော့ ဒီဇာတ်ကားက WAR အမျိုးအစားဖြစ်ပေမယ့် Drama ဘက်ကိုဦးစားပေးထားလို့ပါပဲ… WAR အမျိုးအစားဖြစ်လို့ ခဏတော့ကြည့်လိုက်မှဆိုပြီး မြည်းကြည့်လိုက်တာ ကျွန်တော်အထက်ကပြောခဲ့တဲ့စစ်ကားကောင်းတွေမှာ မပါခဲ့တဲ့ ရှုထောင့်ကိုရိုက်ပြထားတယ်….အစပိုင်း၁၅မိနစ်လောက်ပဲကြည့်ရသေးတယ် …အဆုံးထိ ကြည့်ဖြစ်သွားသလို အတွေးတွေလည်း တစ်ကိုယ်လုံးထုံလွှမ်းကျန်ခဲ့တယ်… အမေရိကန်စစ်တပ်မှ တပ်ကြပ်ကြီးတစ်ယောက်ဟာ ရှေ့တန်းမှာ လက်နက်ကြီးထိခဲ့လို့ မျက်လုံး ခြေထောက်တို့မှ ဒဏ်ရာရရှိသွားတယ်.. ဒါကြောင့်သူ့ကို စစ်တပ်ကနေ ပင်စင်ပေးဖို့ ပြုလုပ်ပေးတယ်..မပေးခင်ကာလ (၃)မှာ ပေါ့ပါးတဲ့တာဝန်တစ်ခုကိုခိုင်းလိုက်တယ်….သူလုပ်ရတဲ့အလုပ်မှာ အထက်အရာရှိတစ်ယောက်ရှိတယ်… သူ့အလုပ်က လွယ်ကူလွန်းတယ်လို့ ယူဆတယ်…တိုက်ခိုက်ရေးစစ်သားတစ်ယောက်အနေနဲ့ ဒီအလုပ်က သူ့အတွက်စိတ်ပျက်စရာဖြစ်နေတယ်… သို့ပေမယ့် သူထင်သလောက် မလွယ်ကူမှန်း (၃)ခါလောက်လုပ်ပြီးတဲ့အချိန်မှာသိလိုက်ရတယ်…ခင်ဗျားတို့လည်း ဇာတ်ကားကြည့်နေရင်း သူတို့လုပ်တဲ့အလုပ်နေရာကို ဝင်ရောက်ခံစားရင်း အဆိုးတကာ့အဆိုးဆုံးစစ်ပြေပြင်ကိုသွားနေသလိုခံစားရလိမ့်မယ်…\

Join Main Channel

Click here for link