Z
ZDXMovies
Movies Actors
Trending Now
The Mist
Score 6.9

The Mist (2007)

horror thriller sci-fi
Duration

127 MIN

Country

English

Quality

720p

Overview

ဒီလို မိုးအေးတဲ့ ညမျိုးမှာ အကြောင်းတိုက်ဆိုင်စွာဖြင့် တင်ပေးချင်တဲ့ ရုပ်ရှင်တစ်ကားတော့ ရှိပါတယ် နာမည်ကျော် စာရေးဆရာကြီး Stephen King ရဲ့ ဝတ္တုကို ရုပ်ရှင်ပြန်ရိုက်ထားတဲ့ The Mist ဆိုတဲ့ ရုပ်ရှင်ကားပါ ဒီဇတ်လမ်းကို ကြည့်မယ်ဆို အရင်ဆုံး မီးတွေ မှိတ်လိုက်ပါ ပြီးရင် လဖ္ဘက်သုပ် ဖြစ်ဖြစ် စားစရာ တစ်ခုခု အနားယူပါ စောင်ကို ကွေးနေအောင် ခြုံပါ (FA ဆိုရင်ပေါ့) 😛 ကိုယ့်အနားမှာ ဖက်စရာခွေးလေး ကြောင်လေးတွေ ရှိရင် ဖက်ထားပါ ဒါမှမဟုတ် ချစ်သူ ရှိရင် လက်မောင်းကို ကျစ်ကျစ်ပါအောင် ဖက်ထားပါ ပြီးရင် ဒီရုပ်ရှင်ကို စ ကြည့်လို့ရပါပြီ… တစ်နေ့သော ညမှာ မြို့ငယ်လေး တစ်ခုရဲ့ ဆိုးရွားလှတဲ့ မုန်တိုင်း ဝင်ရောက် တိုက်ခက်တဲ့ အချိန် ရေကန်ငယ်လေး ရဲ့ နံဘေးက ပန်းချီဆရာ ဒေးဗစ် ရဲ့ အိမ်ကို သစ်ပင်ပိကာ Studio ခန်း ပြိုကျသွားခဲ့ပါတယ် မနက်ခင်း မှာတော့ ဒေးဗစ် တို့ မိသားစု နိုးလာတဲ့ အခါမှာတော့ အရာအားလုံးဟာ မြူခိုးစတွေ ဖုံးလွှမ်းနေတာကို တွေ့ရပြီး အပျက်အစီးတွေကို ရှင်းလင်းကြရပါတယ် သဘာဝ ဘေးကို ရင်ဆိုင်ဖို့ အတွက် အစားအသောက်က အရေးကြီးတာကြောင့် အိမ်နီးချင်း တစ်ဦး ရယ် ဒေးဗစ် နဲ့ သူ့ရဲ့ သားငယ်တို့ မြို့ထဲက တစ်ခုထဲသော စူပါမားကတ် ကို ထွက်လာခဲ့ပါတယ် လူတိုင်းဟာ အလကား ရသကဲ့သို့ တိုးဝှေ့ အလုအယက်ဝယ်နေကြပါတယ် ဒါ့အပြင် မြူခိုးတွေ အကြောင်းနဲ့ မြို့လေးရဲ့ တောင်ထိပ်မှာ စစ်တပ်မှ စမ်းသပ်နေတဲ့ အနုမြူဓါတ်ပေါင်းဖို ပေါက်ကွဲတာ ဖြစ်နိုင်ကြောင်း အထင်အမြင်များ ဖလှယ်ကြ ပြောကြ နဲ့ စကားများ ဖောင်းပွလျက် ရှိပါတယ် ဒီလို နဲ့ သိပ်မကြာခင်ပဲ မြူခိုးများ တစ်ဖြေးဖြေး များလာတော့ တစ်ချို့က အိမ်မပြန်ရဲတော့ပဲ စူပါမားကတ် အတွင်းကသာ မြူခိုးများ ပျောက်မလားဆိုပြီး စောင့်နေကြပါတယ် ဒါပေမယ့် သူတို့ ထင်သလို မြူခိုးများ မပျောက်ပဲ ကြောက်မက်ဖွယ်ကောင်းသော အကောင်များ သူတို့ဆီ ရောက်ရှိလာမယ်ဆိုတာကို မသိခဲ့သော အခါ….

Join Main Channel

Click here for link