Z
ZDXMovies
Movies Actors
Trending Now
The Portable Door
Score 6.5

The Portable Door (2023)

adventure comedy fantasy mystery
Duration

117 MIN

Country

English

Quality

720p

Overview

တိုက်ဆိုင်မှု” ဆိုတာက ကျွန်တော်တို့ လူသားတိုင်းရဲ့ ဘဝမှာ ဖြစ်ပျက်နေကျ အရာတစ်ခုပါ။ အလုပ်အင်တာ ဗျူးနေ့မှ တိုက်တိုက်ဆိုင်ဆိုင် ဖိနပ်ကြိုးနှစ်ခါပျက်ပြီး အရာအားလုံးက အဆင်မပြေဖြစ်နေတာမျိုးတို့၊ စာဖတ် နေရင်း စာအုပ်ထဲက ဇာတ်ကောင်က ရေပန်းထဲပြုတ်ကျ တဲ့အချိန် အပြင်မှာပါ လူတစ်ယောက်က တိုက်တိုက်ဆိုင် ဆိုင် ရေပန်းထဲပြုတ်ကျလို့ သွားကူရင်း ဖူးစာပါသွားတာ မျိုးပေါ့။ ဒါပေမဲ့ အဲ့တိုက်ဆိုင်မှုတွေက သာမန်တိုက်ဆိုင်မှုသက်သက် မဟုတ်ဘဲ အရိပ်နောက်ကွယ်မှာ ကူညီပေးနေတဲ့သူတွေ ရှိနေတယ်ဆိုရင်ရော၊ မှင်စာတွေနဲ့ မှော်ဆရာတွေပေါင်းပြီး အရာအားလုံးရဲ့တိုက်ဆိုင်မှုနဲ့ လူတွေရဲ့ အတွေး၊ စိတ်၊ အာရုံ တွေကို ထိန်းချုပ်ပြီး လုပ်ပေးနေကြတာ ဆိုရင်ရော… အလုပ်ရှာနေတဲ့ အလုပ်လက်မဲ့ကောင်လေး Paul Carpenter က “တိုက်တိုက်ဆိုင်ဆိုင်” JW Wellsဆိုတဲ့ လုပ်ငန်းတစ်ခုမှာ အလုပ်ရသွားတယ်။ သူနဲ့အတူ Sophieဆိုတဲ့ ထက်မြက်တဲ့ ကောင်မလေးလည်း အလုပ်သင်မှာ အတူအလုပ်ရကြတယ်။ ဒါပေမဲ့ Paulက သူ့အလုပ်က ဘာအလုပ်လဲမသိသလို အဲ့အ လုပ်ကလူတွေ ဘာအလုပ်လုပ်ကြတယ်ကိုလည်း မသိခဲ့ဘူး။ CEO Humphrey Wells က Paul ကို လျှို့ဝှက်အလုပ်တစ်ခု အပ်ခဲ့တယ်။ အဲဒါကတော့ တံခါးတစ်ခုကို ပြန်ရှာဖို့တဲ့။ ခရီး သွားတံခါးလို့ ခေါ်တယ်။ Paul လည်း မမြင်ရတဲ့တံခါးကို လိုက်ရှာဖို့ ကြိုးစားနေတဲ့အ ချိန်မှာ Sophieအပါအဝင် ကုမ္ပဏီရဲ့ ဝန်ထမ်းအချို့က Humphrey ကို သတိထားဖို့ ပြောခဲ့ကြတယ်။ Humphrey က ဘာလို့ အဲ့ တံခါးကို အရမ်းလိုအပ်နေတာလဲ၊တံခါးက ဘယ်ကိုသွားတဲ့ တံခါးလဲ၊ အဲ့တံခါးနောက်ကွယ်မှာ ဘာလျှို့ဝှက်ချက်တွေ ရှိ နေတာလဲ ဆိုတာကိုတော့ ထူးခြားဆန်းကြယ်မှုမျိုးစုံနဲ့ တွေ့ရှိ ရမယ့် Fantasy ဇာတ်လမ်းကောင်းတစ်ပုဒ် ဖြစ်ပါတယ်။

Join Main Channel

Click here for link