Z
ZDXMovies
Movies Actors
Trending Now
The Princess
Score 6.8

The Princess (2022)

action fantasy mystery
Duration

95 MIN

Country

English

Quality

1080p

Overview

ကျွန်မဘဝထဲ ဝင်လာတယ် ပိုက်ဆံမပေးဘဲ ပြန်ထွက်သွားတယ်။ ဒါဆို ကျွန်မကို အသုံးချနေတာပေါ့” တဲ့။ ပရင့်ဆက်က တရားမဝင် နေထိုင်နေတဲ့ ၁၉ နှစ်အရွယ် ပြည့်တန်ဆာမလေး။တစ်နေ့တစ်နေ့ မြို့အစွန်က တောအုပ်နားမှာ ဖောက်သည်တွေရှာရင်း အလုပ်လုပ် တယ်။ တရားမဝင်နေထိုင်သူဖြစ်တဲ့အလျောက် အာဏာပိုင်တွေလာ ဖမ်းရင်လည်း ထွက်ပြေးရတာပေါ့။ တစ်နေ့တော့ ပရင့်ဆက်က သူ့နဲ့အလုပ်တူ သူငယ်ချင်းကို လျှို့ဝှက် ချက်တစ်ခုပြောပြတယ်။ ဒါကတော့ သူ့မိန်းမကိုယ်က နိုင်ဂျီးရီးယား က တခြားမိန်းမရဲ့ မိန်းမကိုယ်နဲ့ လဲထားတာပါတဲ့။ ဒါကြောင့် ဖောက် သည်တွေနဲ့ ဆက်ဆံတိုင်း သူကဘာမှမခံစားရဘဲ နိုင်ဂျီးရီးယားက မိန်းမကသာ ခံစားရတာမို့ ဒီအလုပ်လုပ်ရတာ တစ်ခါမှမညည်းခဲ့ တာပါတဲ့။ တစ်ရက်မှာ ပရင့်ဆက်က သူကျက်စားရာ တောထဲမှာ မှိုရှာထွက်တဲ့ ယောက်ျားတစ်ယောက်နဲ့ ဆုံပါတယ်။ တစ်ကြိမ်ကနေ နှစ်ကြိမ် သုံး ကြိမ်ထိ ခဏခဏ ဆုံဖြစ်ကြတာတောင် ဒီယောက်ျားက ပရင့်ဆက် ကို ရိုးရိုးသားသားပဲ ဆက်ဆံတဲ့အခါ၊ တတိတိနဲ့ ပရင့်ဆက်ဘဝထဲ ဝင်လာပြီး ပရင့်ဆက်နဲ့ အဆင့်တွေတက်ချင်တဲ့အခါ…..ပရင့်ဆက်ရဲ့ လျှို့ဝှက်ချက်ကြောင့် ဘာတွေဖြစ်လာမလဲ။ တရားမဝင်နေထိုင်တဲ့ ပြည့်တန်ဆာအလုပ်သမားတွေရဲ့ ကြမ်းတမ်းတဲ့ လူနေမှုဘဝကို မီး မောင်းထိုးရိုက်ကူးထားတာ ဖြစ်ပါတယ်။

Join Main Channel

Click here for link