99 MIN
English
1080p
The Texas Chainsaw Massacre (2003) IMDb Rating (6.2) မင်းသမီး Jessica Biel ရဲ့ နာမည်ကြီး Texas Chainsaw ရုပ်ရှင်ကားကြီးဖြစ်ပါတယ်။ ဇာတ်လမ်းကတော့… ၁၉၇၃ ခုနှစ်၊ ဩဂုတ်လ ၁၈ ရက်နေ့မှာ ကောင်လေးနဲ့ကောင်မလေးအတွဲ ၂တွဲနဲ့သူငယ်ချင်း၁ယောက်တို့ မက္ကဆီကိုနိုင်ငံမှာ ဆေးခြောက်ဝယ်ပြီး Dallasမြို့က ဂီတပွဲတစ်ခုသို့ သွားရောက်ကြပါတယ် တက္ကဆက်ပြည်နယ်ကို ဖြတ်မောင်းနေတုန်း လမ်းလယ်မှာ ငူငူငိုင်ငိုင်နဲ့ တစ်ယောက်တည်းလျှောက်နေတဲ့ မိန်းကလေးတစ်ဦးကို လမ်းကြုံတင်ခဲ့ရာကနေ သူမကို စကားပြောကြည့်ဖို့ ကြိုးစားကြပေမယ့် မိန်းကလေးက လူဆိုးတစ်ယောက်အကြောင်းကို မရေမရာပြောပြီး နင်တို့အားလုံး သေရလိမ့်မယ်ဆိုကာ ကိုယ့်ကိုယ်ကို သေနတ်နဲ့ အဆုံးစီရင်သွားလို့ အမှုကြီးကြီးတက်ပါတော့တယ်… ဒါနဲ့ ရဲကို အကြောင်းကြားဖို့ နီးစပ်ရာ ဓာတ်ဆီဆိုင်ဝင်ပြီး ဖုန်းဆက်ဖို့ ကြိုးစားပေမယ့် ဆိုင်ရှင် အဒေါ်ကြီးက ရဲမှူးက မလာနိုင်ကြောင်း ကြိတ်ခွဲစက်ရုံကို လာခဲ့ဖို့ ပြောပါတယ် သူတို့ ၅ယောက်လည်း သေဆုံးသူကို လမ်းဘေးမှာ မထားခဲ့ချင်တာနဲ့ အရောက်သွားခဲ့ပေမယ့် ရဲမှူးကို မတွေ့ခဲ့ရဘဲ ကလေးငယ်တစ်ယောက်နဲ့သာ ဆုံခဲ့ပါတယ် ရဲမှူးက အိမ်မှာ အရက်သောက်နေတယ်လို့ ကလေးကပြောတာကြောင့် အကြောင်းကြားဖို့ ရဲမှူးရှိရာအိမ်ဆီကို အယ်ရင်နဲ့ ကမ့်ပါတို့ ထွက်ခွာလာခဲ့ကြပါတော့တယ်… နောက်ပိုင်း ဘာဆက်ဖြစ်မလဲ ရဲမှူးကရော ဘယ်ရောက်နေသလဲ သတ်သေသွားတဲ့ မိန်းကလေးရဲ့ ဇာတ်ကြောင်းကရော ဘယ်လိုလဲဆိုတဲ့မေးခွန်းတွေကိုတော့ ခြောက်ခြားဖွယ်ရာဆက်လက်ကြည့်ရှုရမှာပါ။
Click here for link
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor
Actor