Z
ZDXMovies
Movies Actors
Trending Now
Three Kingdoms: Resurrection of the Dragon
Score 6.2

Three Kingdoms: Resurrection of the Dragon (2008)

action drama war
Duration

102 MIN

Country

China

Quality

480p

Overview

ဒီတစ်ခေါက်ကတော့ တော်တော်များများသိကြမယ့် တရုတ်သမိုင်းက ဝေ့၊ဝူ၊ရှူဆိုတဲ့ သုံးနိုင်ငံအကြောင်းပါ။ ဒီ Movie ကတော့ သုံးရာစုက တရုတ်သမိုင်းပညာရှင်ချန်ရှို့ရေးသားခဲ့တဲ့ သုံးနိုင်ငံမှတ်တမ်းကို အခြေခံထားတဲ့ နာမည်ကြီးသုံးနိုင်ငံဇာတ်လမ်း၀တ္ထုကို မှီငြမ်းထားပါတယ်။ ဟန်မင်းဆက်ပြိုကွဲအပြီးမှာ တရုတ်ပြည်ကြီးဟာ ဝေ့ ၊ ဝူ ၊ ရှူဆိုပြီး သုံးနိုင်ငံကွဲထွက်သွားခဲ့ပါတယ်။ စစ်တပ်တွေကို ဝေ့ဘက်က စစ်ဘုရင်ချောင်ချောင်း၊ ရှူဘက်က စစ်ဘုရင်လျှိုပေ့နဲ့ ဝူဘက်က စစ်ဘုရင်စွန်းချွမ်တို့အသီးသီးက ဦးဆောင်ကြပါတယ်။ဒီလိုဖရိုဖရဲကာလမျိုးမှာ လျှိုနိုင်ငံကနေ ကျောင့်ကျစ်လုံဆိုတဲ့ သူရဲကောင်းတစ်ဦးပေါ်ထွန်းလာခဲ့ပါတယ်။ ချန်ရှန်းက သာမန်လူငယ်လေးအဖြစ်ကနေ မရေတွက်နိုင်တဲ့စစ်ပွဲများစွာကိုအောင်နိုင်ခဲ့ပြီး နာမည်ကျော် ကျားစစ်သူကြီးငါးယောက်ထဲက တစ်ယောက်ဖြစ်လာခဲ့ပါတယ်။ ရှူဘက်က စစ်ဘုရင်လျှိုပေ့ဆီမှာ ချောင်စစ်တပ်ကြောင့် ဇာမဏီအဟုန်ဆီ တပ်ဆုတ်ရတော့ လျှိုပေ့ရဲ့မွေးကင်းစသားလေးကိုကယ်တင်နိုင်ခဲ့တာကြောင့် အသိအမှတ်ပြုခံခဲ့ရပြီး နာမည်စတင်ကျော်ကြားလာခဲ့ပါတယ်။ နောက်ပိုင်း နိုင်ငံသုံးနိုင်ငံကို စစ်ဘုရင်သုံးပါးအုပ်စိုးခဲ့ပြီး လျှိုပေ့သေဆုံးပြီး သားတော်နန်းတက်တော့ ကျစ်လုံက အသက်ကြီးရင့်နေပါပြီ။ အမတ်မင်းကျူးကဲ့က ဧကရာဇ်ငယ်ကို ရန်သူတော်ဝေ့နိုင်ငံကို တိုက်ဖို့တိုက်တွန်းတော့ နောက်ဆုံးသောစစ်ပွဲကိုတိုက်ဖို့ စစ်မြေပြင်ကို ကျောင့်ကျစ်လုံ ပြန်ချီတက်လာတဲ့အခါ မဟာရန်သူတော်ချောင်ချောင်းရဲ့ မြေးမလေးချောင်ယင်နဲ့ ဇာမဏီအဟုန်မှာ တစ်ဖန်ပြန်ဆုံတွေ့ဖို့ဖြစ်လာပါတော့တယ်။ အဖိုးလောက်နီးနီးဉာဏ်များတဲ့ ချောင်ယင်နဲ့ တစ်မိုးအောက်တစ်ယောက်အရှုံးမရှိစစ်သူကြီးကျောင့်ကျစ်လုံ ဘယ်လိုရင်ဆိုင်သွားမလဲ ရှုစားကြည့်လိုက်ကြပါရှင့်။ ဒီဇာတ်လမ်းကို ဟောင်ကောင်၊တရုတ်ပင်မနဲ့ တောင်ကိုရီးယားတို့က ပူးပေါင်းထုတ်လုပ်ခဲ့ပြီး Cast တွေအနေနဲ့ ကျောင့်ကျစ်လုံအဖြစ် Andy Lau , ဖင်အန်းအဖြစ် Sammo Hung နဲ့ ချောင်ယင်အဖြစ် Maggie Q တို့က ပါ၀င်ထားပါတယ်။ သုံးနိုင်ငံအကြောင်းစိတ်၀င်စားတယ်ဆိုရင်တော့ လက်မလွှတ်သင့်ပါဘူး။ Old but gold movie တစ်ခုပါပဲ။

Join Main Channel

Click here for link